ဘိုကလေး ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အောက်စီဂျင်စက်ရုံတည်ဆောက်နေမှု အခြေအနေများနှင့် မြို့နယ်တွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများကို ယနေ့ နံနက်(၁၀)နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့မှ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအးလွင်၊ မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးတို့နှင့်အတူ လှည့်လည်ကြည့်ရှု အားပေး ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့မှ ဘိုကလေးမြို့နယ်၊ ဦးလှသိန်းလမ်းရှိ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံအနီးတွင် အများပြည်သူစုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက် လျက်ရှိသော အောက်စီဂျင်စက်ရုံတည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး ဘိုကလေးမြို့နယ် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးဆိုင်ရာ ပစ္စည်းများ ပေးအပ်လှူဒါန်းကာ ကုတင်(၁၀၀)ပြည်သူဆေးရုံတာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး လှည့်လည်စစ်ဆေးရှာဖွေရေးအဖွဲ့မှ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံး၌ အမှတ်(၉)ရပ်ကွက်အတွင်းရှိ ပြည်သူများအား Test-Kit ဖြင့် ကိုဗစ်-၁၉ကူးစက်ရောဂါ ရှိ/မရှိ ရှာဖွေစစ်ဆေးနေမှုလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်း ဆောင်ရွက်နေမှုကိုလည်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)