ရန်ကုန် သြဂုတ် ၂၆
ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလှောင်ခန်းနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ဆေးသိုလှောင်ရေးတပ်တို့တွင် ထားရှိသည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို စံချိန် စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင် ဖြန့်ဖြူးပေး လျက်ရှိသည်။
ထိုသို့ဖြန့်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ သို့ Sinopharm ဆေးအလုံး ၂၈၁၁၀ လုံး၊ Syringe ၈၅၀၀ ချောင်း၊ Needles ၈၅၀၀ ချောင်းနှင့် SINOVAC ဆေး အလုံးရေ (၁၁၆၀) လုံး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟဲဟိုးမြို့သို့ Sinopharm ဆေးအလုံး ၁၀၀၀၀ လုံး၊ Syringe ၁၀၀၀၀ ချောင်း နှင့် Needles ၁၀၀၀၀ ချောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့သို့ Sinopharm ဆေးအလုံးရေ ၂၁၃၇၄ လုံး၊ Syringe ၉၈၃၄ ချောင်းနှင့် Needles ၉၈၃၄ ချောင်း၊ SINOVAC ဆေးအလုံးရေ ၆၆၈ လုံး၊ Redmisiver အပါအဝင် ကိုဗစ်ဆိုင်ရာ ကုသဆေးများကို တပ်မတော်လေယာဉ်များဖြင့် ဆက်လက်ပေးပို့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူပြီး သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်သည်။
ယင်းသို့ ပေးပို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စုလူဦးရေ၊ ဦးစားပေးအစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံး ထိုးနှံပေးနိုင်ရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ပြီး ဝေးလံခတ်ခဲသောဒေသများသိူ့ တပ်မတော်(လေ)ပို့ဆောင်ရေးလေယာဉ်များဖြင့် မြန်မာ့လေကြောင်းတို့၏ အကူ အညီများရယူကာ လေကြောင်းခရီးဖြင့်လည်း ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်