Skip to main content

တပ်မတော်ဆေးရုံများနှင့် ယာယီအရေးပေါ်ဆေးရုံများ၌ ယနေ့အထိ ကလေးငယ် ၁၆၂၆၀ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်

နေပြည်တော် ဩဂုတ် ၁၆

ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး လျက် ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာ ကုသမှုများဆောင်ရွက်ပေးနိုင်ရန် အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှု များကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၈၀၆၈၄ ဦးနှင့် အတွင်းလူနာပေါင်း ၈၂၃၄၉ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။

ယင်းလူနာများအနက် အကြီးစားခွဲစိတ်ကုသလိုအပ်သူ၁၃၀၃ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၇၀၅၆ ဦး၊ စုစုပေါင်း ၂၀၀၉၀ တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာ ရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၆၈၂၃ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၉၄၃၇ ဦးကို သာမန်ဖြင့် လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၆၂၆ဝ ကိုအောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်