နေပြည်တော် ဩဂုတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆန်ဆိုင်း (က)ရပ်ကွက်၊ နမ့်ခေါင်းချောင်းပေါ်ရှိ ကွန်ကရစ်ရေကျော်တံတားသည် အမှိုက်များ ပိတ်ဆို့၍ ရေလျှံမှုဖြစ်ပေါ်ခဲ့ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ရေစီးရေလာ ကောင်းမွန်စေရေးအတွက် အမှိုက်များ ရှင်းလင်းဖယ်ရှားပေးသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့၊ ကဝမြို့နှင့် နတ်သံကွင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ သန့်ရှင်း သာယာလှပရေးအတွက် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ဆေးရုံ ဝင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီး ရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်