Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့်ပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၂၉

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်။ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ကာကွယ်ရေးပစ္စည်းများထုတ်ပေး

ထိုသို့ထုတ်ပေးရာတွင် ဇူလိုင် ၂၇ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ၁၄၅ ခုမှ Oxygen Concentrator ၈၂၀၁ ခု၊ Oximeter ၆၇၅၂၃ ခု၊ Oxygen Inhalator အခု ၇၅၀၊ Azithro 500.JOS Tablet ၄၆၆၁၆ ခု၊ Squaer Zinc Tablet ၂၀၃၂၈ ခု၊ Flowmeter အခု ၅၀၊ Filter အခု ၅၀၊ ကိုဗစ်-၁၉ Test Kit ၃၀၁၄၃ ခု၊ Thermometer အခု ၈၀၀၀၊ Oxygen Mask အခု ၅၀၆၀၊ Nasal Cannula အခု ၁၁၀၀၊ Spare Part For Oxygen Concentrator အခု ၅၀၊ Oxygen Regulator အခု ၆၀၀၊ Oxygen Tube အခု ၃၀၀၊ Test Kit (Reagent) ၁၅၇ ခု၊ Gas Cylinder ၁၄ခု၊ ရန်ကုန်ဆိပ်ကမ်းများမှ ကိုဗစ်-၁၉ ကာကွယ်ကုသဆေးနှင့် အခြား ဆေးမျိုးစုံ ၄၅မျိုး ၁၀၈၇၀၄.၂၇ kg၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း) တွင် ကုမ္ပဏီ ၆၃ ခုမှ Disposable Face Mask ၁၉၄၆၉၂ kg Liquid Oxygen ၁၅၃၉၁.၇၂ m3၊ တစ်ခါသုံး ကာကွယ်ရေးဝတ်စုံ အစုံ ၁၀၀၀ ဆေးရုံသုံးလက်အိတ်အစုံ ၅ဝဝဝ၊ Liquid Oxygen ၁၈.၉၁ တန်၊ Oxygen Concentrator ၇၆၂ ခု၊ Oxygen Cyilnder 95G 9 21 Oximeter အခု ၂၀၀၀၊ PPE GOWN အခု ၅၅၀၀၀၊ Regulator အခု ၂၅၀၀၊ N95 Mask အခု ၁၀၀၀၀၊ ဆေးရုံသုံးနှာခေါင်းစည်း အခု ၁ဝဝဝဝဝ၊ မျက်စိကာမျက်မှန် အခု ၂၀၀၀၊ သာမိုစကင်နာသုံးခု၊ Flow meter အခု ၇၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်