နေပြည်တော် ဇူလိုင် ၂၉
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်ရေး နှင့် ဈေးကွက်လိုအပ်ချက် ပြည့်မီအောင်ဖြည့်တင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဒုတိယဝန်ကြီး ဦးညွန့်အောင် ဦးဆောင်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက် အတွင်း လိုအပ်ချက်မြင့်မားနေချိန်တွင် ပြည်တွင်းတွင် ဆေးဝါးနှင့်ဆေးပစ္စည်း ထုတ်လုပ်မှု မြှင့်တင်ရေး၊ ဈေးကွက်လိုအပ်ချက်ပြည့်မီအောင် ဖြည့်တင်းနိုင်ရေးတို့ကို အဓိကဆွေးနွေးခဲ့ကြ ပြီး၊ ထုတ်လုပ်သည့်လုပ်ငန်းရှင်များ၏ ကုန်ကြမ်းရရှိနိုင်မှု၊ ကုန်ကြမ်းများပြည်ပမှ တင်သွင်းရာ တွင် တွေ့ကြုံရသည့် အခက်အခဲများကို ဖြေလျော့ပေးနိုင်ရေး၊ ပြည်တွင်းထုတ်လုပ်မှုစွမ်းအား မြှင့်တင်ပြီး ဈေးကွက်အတွင်း အဓိကလိုအပ်လျက်ရှိသော ဆေးဝါးနှင့်ဆေးပစ္စည်းများအရေးပေါ် ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး၊ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်နိုင်ရေးနှင့် မူဝါဒဆိုင်ရာ အခက်အခဲများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားနိုင်ရေးတို့ကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟို ကော်မတီ၊ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ဌာနဆိုင်ရာများနှင့် UMFCCI တို့မှ တာဝန်ရှိသူ များ၊ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)