Skip to main content

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဗဟိုအကျဉ်းထောင်၌ အချုပ်သား ၆၁ဝ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ရန်ကုန် ဇူလိုင် ၂၈

လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလတွင် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ပျံ့နှံ့မှုမရှိစေရေးအတွက်မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ဝယ်ယူရောက်ရှိလာ သော ကာကွယ်ဆေးများ စတင်ထိုးနှံမှု ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် ဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/အချုပ်သား ၆၁၀ အား ယနေ့နံနက်ပိုင်းတွင် စတင် ထိုးနှံပေး ခဲ့ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ သိရသည်။

ကာကွယ်ဆေးထိုးဖို့ ဆန္ဒပြု “ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ဒီနေ့ အင်းစိန်ဗဟိုအကျဉ်းထောင်က အကျဉ်းသား တွေကို ပထမဆုံး စတင်ထိုးနှံပေးတာဖြစ်ပါတယ်။ အရင် ပထမလှိုင်းနဲ့ ဒုတိယလှိုင်း တုန်းကတော့ မထိုးဖြစ်ခဲ့ဘူး။ အခုလည်း ထောင်အတွင်း အကျဉ်းသားတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတော့ မရှိသေးဘူး။ ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီကနေ့ ကနဦး ထိုးနှံပေးတာ ဖြစ်ပါတယ်။ အကျဉ်းသား/ အချုပ်သား ဆန္ဒပြုတဲ့သူနဲ့ ဆေးထိုးဖို့ အကျုံးဝင်တဲ့သူအားလုံးကို စာရင်းကောက်ခံပြီး ထိုးနှံပေးသွားမှာပါ။ တချို့ကလည်း ရောဂါ လက်ခံ အခြေအနေတစ်ရပ်ရပ်ကြောင့် မထိုးကြတဲ့သူတွေ လည်းရှိတယ်။ အခုလတ်တလော မှာတော့ ကာကွယ်ဆေးထိုးဖို့ ဆန္ဒပြုထားတဲ့သူ ၂၅၀၀ကျော်ရှိပါတယ်။ စာရင်းပေးထားတဲ့ အားလုံးကိုတော့ ကာကွယ်ဆေး ထိုးနှံပေးသွားမှာပါ” ဟု အင်းစိန်ဗဟိုအကျဉ်းထောင် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထပ်မံထိုးနှံပေးသွားမည် အင်းစိန်ဗဟို အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/ အချုပ်သားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးယခုကဲ့သို့ ထိုးနှံပေးခြင်းသည်နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ လမ်းညွှန်မှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် အကျဉ်း ဦးစီးဌာနမှ တာဝန်ယူကာ စတင်ထိုးနှံပေးခြင်းဖြစ်သည်။ အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို အင်းစိန်ထောင်အတွင်း ဆေးရုံ၌ပင် အကျဉ်း ထောင် ဆရာဝန်ကြီးများနှင့် သူနာပြုဆေးဝန်ထမ်းများက အကျဉ်းသား/ အချုပ်သား အမျိုး သား၊ အမျိုးသမီး စုစုပေါင်း ၆၁ဝ ကို ကြိုတင်ကျန်းမာရေး ဆေးစစ်မှု များ ပြုလုပ်ကာ ယနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဆေးဖြန့်ဝေရရှိမှုအပေါ် မူတည်ကာ နောက်ရက်များတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထပ်မံထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ဝိုင်းဝန်းပူးပေါင်းကူညီ အဆိုပါ အင်းစိန်ဗဟိုထောင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုတွင် အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဇော်၊ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းအောင်၊ အကျဉ်းထောင်ဆေးရုံမှ ဆေးရုံအုပ် လက်ထောက် ညွှန်ကြားရေးမှူးဒေါက်တာစံလင်းထွန်းနှင့် ဆရာဝန် များ၊ သူနာပြုများ၊ ကျန်းမာရေးမှူးများ၊ ဆေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကာ ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက် ခဲ့ကြသည်။ လတ်တလောတွင် ရန်ကုန်မြို့ အင်းစိန်ဗဟို အကျဉ်းထောင်၌ အကျဉ်းသား/ အချုပ်သား အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၉၀၀၀ ကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံမည့် စာရင်းပေး သူများမှာ စုစုပေါင်း ၂၅၀၀ ကျော်ရှိကြောင်း သိရသည်။

မြင့်မိုရ်၊ ဓာတ်ပုံ- မိုးမခ