Skip to main content

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် စေတနာရှင်ပြည်သူ များက အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်း

 

 

ရန်ကုန် ဇူလိုင် ၂၈

 

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့တော် ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမ(၄)၌ ကျင်းပသည်။

 

အလှူငွေ ပေးအပ်ပွဲသို့ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်နှင့် ကော်မတီဝင်များ၊ ဌာနမှူး များ၊ အလှူရှင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ အလှူရှင် ၄၀ က အလှူပစ္စည်းများဖြစ်သည့် Oxygen Regulator နှစ်စုံ၊ Rapid Diagnostic Test(RDT)Kit အစုံ ၂၀၀၊ Oximeter ၅၀၊ Mask ၁၀၀၀၀၊ ရေသန့်စက်နှစ်လုံး၊ ကာကွယ်ဆေးတစ်လုံး၊ ငွေကျပ် ၁၀၇၄၅၀၀၀၀ကိုပေးအပ်လှူဒါန်းကြရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ နာယက မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လုပ်ငန်း ကော်မတီ နာယက ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေတို့က အလှူပစ္စည်းများနှင့် အလှူငွေများကို လက်ခံရယူကြပြီး မြို့တော်ဝန် ဦးဗိုလ်ဌေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်