Skip to main content

အကြမ်းဖက်ခြင်း သင်နှင့် အနီးဆုံးမှာနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ဆောင်းပါးများစာအုပ် ထုတ်ဝေ

 

 

နေပြည်တော် ဇူလိုင် ၂၂

အကြမ်းဖက်ခြင်းသင်နှင့် အနီးဆုံးမှာနှင့် နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ဆောင်းပါးများစာအုပ်ကို သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက စီစဉ်ထုတ်ဝေ ဖြန့်ချိသည်။

အဆိုပါစာအုပ်တွင် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့တွင် ဖော်ပြခဲ့သည့် ဆောင်းပါးများ ထဲမှ ဆောင်းပါး ၆၉ ပုဒ် ရွေးချယ်ကာ စုစည်းဖော်ပြ ထားသည်။

ယင်းစာအုပ်တွင် ဆောင်းပါးရှင် နေခြည်သွေး က “အနုပညာရှင်တွေအနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်လာတဲ့အခါ အတော်လေး သတိထားဆောင်ရွက်ဖို့တော့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုရင် အနုပညာရှင်တွေနဲ့ ပတ်သက်လာရင် ပြည်သူတွေရဲ့ ခံစားမှုကလည်း အထွတ်အထိပ်ကို

ရောက်တတ်တဲ့ ပြည်တွင်း၊ ပြည်ပ သာဓကတွေ ရှိနေလို့ပဲ ဖြစ်ပါတယ်”ဟု အနုပညာရှင်များ အနေဖြင့် ဆင်ခြင်တုံတရား ပကတိအခြေအနေ တို့ကို စဉ်းစားဆင်ခြင်ပြီး တိုင်းပြည်အေးချမ်း သာယာရေးအတွက် ပူပေါင်းပါဝင်ကြစေရေး ပြည်သူ့အချစ်တော် အနုပညာရှင်တွေ နိုင်ငံရေးနဲ့ အသုံးချခံများ မဖြစ်စေလိုပါ ဆောင်းပါးဖြင့် တိုက်တွန်း တောင်းဆိုရေးသားထားသည်။

အဆိုပါ စာအုပ်တွင် ဖော်ပြထားသည့် လူမှုကွန်ရက် စာမျက်နှာပေါ်က အကုသိုလ်လက်ညှိုး ဆောင်းပါးတွင် “နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ ဝန်ထမ်း များအား CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ မမှန်သတင်းများ ဖြန့်ဝေခြင်း၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေပြီး ဆူပူအုံကြွမှု ဖြစ်ပေါ် လာစေရန်နှင့် အများပြည်သူ အထိတ်တလန့်ဖြစ်စေ ရန်အတွက် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်း၊ အထူးသဖြင့် ငါနှင့်မတူ ငါ့ရန်သူဟု သတ်မှတ်ကာ Social Punishment ode:qp:3008olcosa ဇက်ရဲ ကျူးလွန်လုပ်ဆောင်လာကြသည်။ ဖေ့စ်ဘွတ် လောကကြီးသည် ယခင်ကလို ပျော်စရာမကောင်းတော့ပါ။ ရန်လိုမုန်းတီးမှုများနှင့် တင်းကျမ်းပြည့်နှက် နေလေပြီ”ဟူ၍ ဆောင်းပါးရှင် စာချစ်သူက Facebook မီဒီယာကို အသုံးပြုပြီး အကုသိုလ်မများကြစေရေး ပါချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ  ဟောကြားထားသည့် တရားဓမ္မအဆုံးအမဖြင့် ညွန်းဆိုရေးသားထားသည်။

ဆောင်းပါးရှင် မောင်သောင်းဝင်း(တမန်ဟောင်း) ၏အသုံးချခံနယ်ရုပ်များမဖြစ်စေလိုဆောင်းပါးတွင် “အမှန်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင် ရပ်တည်လျက်ရှိသည့် အစိုးရနှင့်အပြိုင် ယှဉ်ပြိုင် | အစိုးရတစ်ရပ် ဖွဲ့စည်းခြင်းသည် အဓိပ္ပာယ်မဲ့သော

လုပ်ရပ်တစ်ခုပင်ဖြစ်သည်။ စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျသော လုပ်ရပ်များကို ကျူးလွန်နေခြင်း ပင်ဖြစ်သည်။ အတတ်ပညာသာရှိပြီး အသိပညာမဲ့

သော လုပ်ရပ်များပင်ဖြစ်သည်။ အသိခေါက်ခက် အဝင်နက်နေခြင်းပင်ဖြစ်သည်” ဟု မျိုးဆက်သစ် လူငယ်များနှင့် ပြည်သူများအား နိုင်ငံရေးလုပ်စား သူများ၊ သွေးထိုးလှုံ့ ဆော်နေသူများ၏ အသုံးချခံ နယ်ရုပ်များမဖြစ်စေရေး အကြံပြုရေးသားထားသည်။

ယင်းစာအုပ်ကို ရောင်းဈေးငွေကျပ် ၃၅၀၀ ဖြင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း စာအုပ် အရောင်းဆိုင်အမှတ်(၁၇၃/၁၇၅)၊ ပန်းဆိုးတန်းလမ်း(အလယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း ၀၁၈၂၄၈၁၀၂၊ အမှတ်(တ-၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ၀၆၇၃၄၁၄၆၈၁၊ အမှတ်(၅၂၉-၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် ဖုန်း ၀၁-၈၃၈၁၄၄၈ နှင့် ( ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်