Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

နေပြည်တော် ဇူလိုင် ၂၂

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ် ရုံးပိတ် ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၆၉ခုမှအိမ်သုံးအောက်ဆီဂျင်စက်၂၉၆၈ခု Oximeter ၁၇၁၈၄ ခု၊ Thermometer ( ၁၇၈၈ ခု၊ Oxygen Regulator အခု ၁၀၈၀၊Flow Meter အခု ၁၀၀၀၊ Nalsa | Cannula ၂၅၀၂ ခု၊ Oxygen Mask အခု ၂၀၀၊ Oxygen Filter အခု ၅၀၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊တာချီလိတ်) ၌ ကုမ္ပဏီ ၃၄ ခုမှ နှာခေါင်း စည်းနှင့် လက်အိတ် ၉၉၇၂၅ ကီလိုဂရမ်၊ Liquid Oxygen /Pure Oxygen ၁၅၃၉၀ ဒသမ ၆၆ ကုဗမီတာ၊ Oxygen Cylinder/ Regulator အခု ၂၂၀၀၊ Oxygen Plant/Oxygen Concentrator ၆၉၅၄ ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်