နေပြည်တော် ဇူလိုင် ၁၇
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင် လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သဖြင့် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် နိုင်ငံတော်နှင့် တပ်မတော်ပိုင် Oxygen Plant များ၊ ပုဂ္ဂလိကပိုင် Oxygen Plant များတွင် တိုးမြှင့်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိသကဲ့သို့ စေတနာရှင် အလှူရှင်များမှ စုပေါင်းလှူဒါန်းငွေများဖြင့် လည်း အောက်ဆီဂျင်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းပေးလျက်ရှိပြီး လိုအပ်သည့် နေရာ များသို့ ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိသည်။
ဓာတ်ငွေ့ရည် မော်တော်ယာဉ်ရောက်
ထိုသို့ တင်သွင်းဖြန့်ဝေပေး လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံများ နှင့် ကိုဗစ်စင်တာများအတွက် ပြည်ပမှမှာယူထားသည့် ဆေးရုံသုံးအောက်ဆီဂျင် ဓာတ်ငွေ့ ရည် တင်ဆောင်လာသည့် မက်ထရစ်တန် ၂၆ တန်ဆုံ မော်တော်ယာဉ် တစ်စီးသည် ယနေ့မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ရာ မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့် အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ထို့နောက် Liquid Oxygen အရည်များကို တာဝန်ယူသယ်ဆောင်လာသည့် မန္တလေး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီ ဥက္ကဋ္ဌက မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးထံသို့ လိုအပ်သည့် စာရွက်စာတမ်းများနှင့်အတူ လွှဲပြောင်းပေးအပ်သည်။
အဆိုပါ ရောက်ရှိလာသော Liquid Oxygen များကို ဆေးရုံများနှင့် ကိုဗစ်ကုသရေးစင်တာ များတွင် တက်ရောက်ကုသခံနေသော လူနာများ၊ အောက်ဆီဂျင် လိုအပ်နေသော ပြည်သူ များအတွက် တပ်မတော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် အလှူရှင်များ၏ ငွေအားလူအားအကူအညီများဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောက်ဆီဂျင် လိုအပ်လျက်ရှိသော ဆေးရုံများနှင့် ပြည်သူများ ထံသို့ စနစ်တကျ ဖြန့်ဖြူးလှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း သိရှိ ရသည်။ မကြာမီ ရက်ပိုင်းတွင်လည်း ထပ်မံမှာယူထားသည့် Liquid Oxygen ep: Scoos ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ဖြန့်ဝေပေးမည်
ထို့ပြင် ကိုဗစ်-၁၉ ရာဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ပိုမိုထိရောက် စွာ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများကို တင်သွင်းခွင့်ပြု ထားရာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ တင်သွင်းလာသည့် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၂၇၈၅ လုံးသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ချင်းရွှေဟော်မြို့ရှိ နယ်စပ် ကုန်သွယ်ရေးစခန်းသို့လည်း ကောင်းစေတနာရှင် အလှူရှင်များ ၏စုပေါင်း လှူဒါန်းမှုဖြင့် ပြည်ပမှ မှာယူထားသည့် အောက်ဆီဂျင် လီတာ ၆၀ ဆံ့ အလုံး ၅၀၊ လီတာ ၄၀ ဆုံ ၇၉၈ လုံး၊ လီတာ ၂၀ ဆံ့ အလုံး ၇၀ နှင့် ၁၀ လီတာဆံ့ ၁၀၄ လုံးတို့သည် မြဝတီမြို့ရှိ နယ်စပ် ကုန်သွယ်ရေးစခန်းမှလည်းကောင်း အသီးသီးရောက်ရှိလာခဲ့ကြောင်း သိရှိရပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့သို့ ဆက်လက် ပို့ဆောင်ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်