Skip to main content

သစ်တောဦးစီးဌာနဝန်ထမ်းများ ရန်ပြုတိုက်ခိုက်ခံရမှုနှင့် ဌာနပိုင် အဆောက်အအုံများ၊ စိုက်ခင်း များ၊ ဖမ်းဆီးသစ်များ၊ ယာဉ်/ယန္တရားများ၊ ပျိုးဥယျာဉ်များ ဖျက်ဆီးခံရ

နေပြည်တော် ဇွန် ၂၉

ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၁၈ ရက်အထိ ကာလအတွင်း ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ အတွင်း မသမာသူများမှ သစ်တော ဝန်ထမ်းများကို ရန်ပြု တိုက်ခိုက်ခြင်း၊ သစ်တောရုံးများ၊ သစ်တောဘိနယ်စခန်းများ မီးရှို့ ဖျက်ဆီး ခြင်း၊ ဖမ်းဆီးသစ်များနှင့် ယာဉ်/ယန္တရားများ၊ ဆက်စပ် ပစ္စည်းများ လုယက်ယူဆောင်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သစ်တော စိုက်ခင်းများမှ ကျွန်းပင်များ ခုတ်လှဲခိုးယူခြင်းဖြစ်စဉ်များ (၂၆) ကြိမ် ဖြစ်ပွားခဲ့သည်။

ထိုသို့ အကြမ်းဖက်တိုက်ခိုက်  လုယက်၊ ဖျက်ဆီးမှုများကြောင့်  သစ်တောဝန်ထမ်း သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံပိုင်  အဆောက်အအုံ ကိုးလုံး၊ ပုံစံ(၈) ဝင် သစ် ဖမ်းဆီးသစ် (ကျွန်း/ သစ်မာ/အခြား) ၄၈၉ တန်ခန့်၊ မော်တော်ယာဉ်သုံးစီး၊ ဆိုင်ကယ် ၁၈ စီး၊ လက်ကိုင်စက်လွှ ၁၁ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ ဘက်ထရီ အိုးကိုးလုံး၊ အင်ဂျင် ရှစ်လုံး၊ ဆက်စပ်ပစ္စည်း ၅၀ ၊ ဒိုင်နမို နှစ်လုံး၊ သက်ကြီးစိုက်ခင်းဟောင်း ၁၂ ခုမှ ကျွန်းပင် ၉၀၃၉ ပင်၊ ပျိုးဥယျာဉ် နှစ်ခုမှ (ကျွန်း မန်ဂျန် ရှား) ပျိုးပင်ပေါင်း ၃၀၀၀၀၊ ကျေးရွာသုံးထင်း စိုက်ခင်း (ယူကလစ်မဲဇလီ) ဧက ၂၀ တို့ ပျက်စီးဆုံးရှုံး ခဲ့ရပြီး ခန့်မှန်းတန်ဖိုး စုစုပေါင်း ငွေ(၃၄၅, ၁၅၈,၂၀၁)ကျပ် ဆုံးရှုံးခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

သတင်းစဉ်