Skip to main content

မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၆

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၄ ရက် ညနေ ၅ နာရီ မိနစ် ၅၀ တွင် တောင်ကြီး မြို့နယ် အေးသာယာမြို့ အမှတ်(၃) ရပ်ကွက်ရှိ ကားဂိတ်တွင် မသင်္ကာဖွယ်ဆာလာအိတ် တွေ့ရှိကြောင်း သတင်းအရ သွားရောက်ဖွင့်ဖောက်စစ်ဆေး ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၂၀၀ ကို လည်း ကောင်း။

ဇွန် ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအနီး ဖားကန့်-ဆိပ်မူသွား ကားလမ်းတွင် ဇော်မင်းဦး(ခ)အားချိန် မောင်းနှင်လာသည့် Surf အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၃ ဒသမ၉၆ ကီလိုနှင့် ဘိန်းဆီခဲ ၆ ကီလိုတို့ကို လည်းကောင်း၊ ထိုနေ့ နံနက် ၉ နာရီ ခွဲတွင် ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာ တာကော် တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ချမ်းသာ(ခ)ဖိုးချမ်း မောင်းနှင်ပြီး ညွန့်ဝင်း(ခ) အောင်ပု လိုက်ပါလာသည့် Nissan အမျိုးအစား ( ၁၂ဘီးမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ | Ammonium Nitrate ၁၂၆၀၀ ကီလို သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ညနေ ၄ နာရီခွဲတွင် အဆိုပါနေရာ၌ သီဟဇင် ကို Vigo အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

ထို့နောက် ယင်းနေ့ နံနက် ၉ နာရီ မိနစ် ၂၀ တွင် လွိုင်လင်မြို့နယ် ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီးသွား ကားလမ်းတွင် စိုင်းညွန့်မောင်းနှင်ပြီး စိုင်းခေး(ခ)စိုင်းခေးဆိုင်နှင့် စိုင်းလောင်ခမ်း တို့လိုက်ပါလာသည့် Alphard အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ ၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ နံနက် ၁၀ နာရီခွဲတွင် စိုးသန့် ကို လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ အထွက်တံတား အနီး လွိုင်လင်-တောင်ကြီး သွားကားလမ်းတွင် ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဇွန် ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူဆယ်မြို့ စွမ်စော် ရပ်ကွက် အမှတ်(၁၀/၁၇၂) အခန်း(၁၁)တွင် ငှားရမ်း နေထိုင်သူလိခိုက်ရှိ ၏အခန်းသို့ ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းမှ ဘိန်းဖြူ ၂ ဒသမ ၈ ကီလို၊ အိုက်စ် သုည ဒသမ ၁၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ( ၁၂၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကိုမူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား