နေပြည်တော် ဇွန် ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၃)ခုမှ တာဝန်ရှိသူများ တက်ရောက် အားပေးသည်။
အားကစားပြိုင်ပွဲများကို ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမျိုးသားများ အတွက် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသမီးများအတွက် ထုတ်စည်းတိုးပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်သည်။ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အမျိုးသားအသင်း (၇)သင်းနှင့် အမျိုးသမီး အသင်း (၄)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနအားကစားကော်မတီအနေဖြင့် အနိုင်ရ သည့်အသင်းကို ဆုဖလားနှင့်အတူ ဆုကြေးငွေအဖြစ် ပထမဆု(၃)သိန်း၊ ဒုတိယဆု(၂)သိန်း၊ တတိယဆု (၁)သိန်းနှင့် နှစ်သိမ့်ဆုရသည့် အသင်းများကို ကျပ်(၅)သောင်းစီ ချီးမြှင့်သွားမည်ဖြစ် သည်။
ပြိုင်ပွဲတွင် ထူးချွန်သည့်အားကစားသမားများကို ရွေးထုတ်ပြီးလာမည့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် စေမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်