နေပြည်တော် ဇွန် ၂၃
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၆၃ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၁၅၈၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇွန် ၂၀ ရက် နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ် ကျိုက်ထို-မော်လမြိုင် သွားကား လမ်း မရမ်းချောင်ကျေးရွာ မိုင်တိုင်အမှတ် (၉၇) အနီးတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်မှ ကရင်ပြည်နယ် မြဝတီမြို့သို့ ခင်မောင်မြင့် (၂၈) နှစ် မောင်းနှင်ပြီး အောင်ထူး (၂၇) နှစ်နှင့် မသီရိ (ခ) အေးအေးခိုင် (၂၈) နှစ် တို့လိုက်ပါလာသည့် ခြောက်ဘီး မော်တော်ယာဉ်ကို ရှာဖွေရာ ငွေကျပ် ၆၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၁၅၈၀ ကီလို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားရှိပြီးကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်