Skip to main content

(၉)ကြိမ်မြောက် မော်စကိုအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးညီလာခံ (MCIS) ၏ သတင်းထုတ်ပြန်ချက်

ရုရှားနိုင်ငံ မော်စကိုမြို့၌ ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်ကျင်းပသော (၉) ကြိမ်မြောက် မော်စကို အပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံ၏ အဓိကခေါင်းစဉ်မှာ တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးပြဿနာများကို ရည်ညွှန်းပါသည်။

 

 

အဆိုပါညီလာခံသို့ ကာကွယ်ရေးဝန်ကြီးများ၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့များ၊ ပြည်ပနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့ အစည်းများဖြစ်သော CIS၊ CSTO၊ UN၊ OSCE၊ ICRC၊ LAS တို့မှခေါင်းဆောင်များ အပါအဝင် လူအင်အား ၆၀၀ ကျော်တက်ရောက်ပါသည်။

 

ညီလာခံကို ဇွန်လ ၂၃ ရက်တွင်စတင်ဖွင့်လှစ်ပါသည်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ ဗလာဒီမာ ပူတင်က တက်ရောက်လာကြသူများအား ဗီဒီယိုမှတစ်ဆင့် ညီလာခံအဖွင့်မိန့်ခွန်းပြောပါသည်။ အလားတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်(စ်)ကလည်း ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောပါသည်။ ယင်းနောက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူနှင့် ဗဟို လုံခြုံရေးဌာနညွှန်ကြားရေးမှူး အလက်ဇန်းဒါးဘော့နီကော့တို့က အဓိကကျသော ကိစ္စရပ် များနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏ရပ်တည်မှုများကို မိတ်ဆက်ရှင်းလင်းပါသည်။

 

ထို့နောက် မျက်နှာစုံညီအစည်းအဝေးကို အပိုင်း ၄ ပိုင်းဖြင့် ကျင်းပသည်။

 

အစည်းအဝေးပထမပိုင်းကို “မဟာဗျူဟာမြောက် တည်ငြိမ်အေးချမ်းရေးအပေါ် ပြုပြင်ပြောင်းလဲမှု နှင့် ရှေ့ရေးအလားအလာ” ဟုအမည်ပေးထားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ တပ်မတော် စစ်ဦးစီး အရာရှိချုပ်နှင့် ဒုတိယကာကွယ်ရေးဝန်ကြီး ကြည်းတပ်ဗိုလ်ချုပ်ကြီး ဗာလီရီဂျီရာဆီမော့၊ တရုတ် နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေဖန်း၊ ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး မိုဟမ်မတ်အယ်အတီယာ၊ ဘယ်လာရုသမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဗစ်တာခရီနင်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီဥက္ကဋ္ဌ ပီတာမော်ရာ၊ အာဖဂန်နစ္စတန်သမ္မတဟောင်း ဟာမစ်ကာဇိုင်းတို့က ပါဝင်ဆွေးနွေးကြပါသည်။

 

အစည်းအဝေးဒုတိယပိုင်းကို “ကမ္ဘာ့နိုင်ငံရေးမူဘောင်အတွင်းက အာရှ-ပစိဖိတ်ဒေသ” ဟု အမည် ပေးထားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်ဦးစီးညွှန်ကြားရေးမှူး ရုံးအကြီးအကဲနှင့် ဒုတိယစစ်ဦးစီး အရာရှိချုပ် ရေတပ်ဗိုလ်ချုပ်ကြီး အီဂေါကော့စယူကော့၊ ဗီယက်နမ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဖန်ဗန်ဇန်း၊ မော်ဒိုက် သမ္မတနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး ဟက်ဆန်ဇာမီး၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ရှိတ်ဟာဆီနာ၊ ဘရူနိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး မိုဟမ်မတ်ယူဆွတ်တို့က ပါဝင်ဆွေးနွေးကြပါသည်။

 

အစည်းအဝေးတတိယပိုင်းကို “နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု ကိုဗစ်-၁၉ ကိုတိုက်ဖျက်ရာတွင် တပ်မတော် အဖွဲ့အစည်းများ၏အခန်းကဏ္ဍ” ဟုအမည်ပေးထားပြီး ကာဇက်စတန်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး နာလန်အာမက်ဘာယက်၊ မွန်ဂိုလီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဂါဆီဒင်ဆိုက်ဟန်ဘာယာ၊ ဇင်ဘာဘွေနိုင်ငံကာကွယ်ရေးဝန်ကြီး အိုဖားမူချင်ဂူရီကာရှီနီ၊ ဆူဒန်သမ္မတနိုင်ငံကာကွယ်ရေးဝန်ကြီး ယက်ဆင်အီဘရာဟင်၊ ငြိမ်းချမ်းရေး လုပ်ငန်းများဆိုင်ရာ ကုလသမဂ္ဂဒုတိယ အတွင်းရေးမှူးချုပ် ယွန်းပီယက်လက်ခွာ၊ ယူဂန်ဒါနိုင်ငံ တပ်မတော်ဆေးဘက် ဆိုင်ရာညွှန်ကြားရေးမှူး ဗိုလ်ချုပ် အေဘရမ်မူဆင်ဂူဇီတို့က ပါဝင်ဆွေးနွေး ကြပါသည်။

 

ညီလာခံပထမနေ့၏နောက်ဆုံးဖြစ်သော အစည်းအဝေးစတုတ္ထပိုင်းကို “သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ ပြဿနာများနှင့်အဖြေများ” ဟုအမည်ပေးထားပြီး ကုလသမဂ္ဂဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဗာဆီလီညီဘန်ဇီယာ၊ ပါကစ္စတန်နိုင်ငံ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး မိုဟမ်မတ်ဟီလယ်ဟူစိန်၊ Alternative for Germany Party ပူးတွဲဥက္ကဋ္ဌတီနိုခရူပါလာ၊ ဗင်နီဇွဲလားတပ်မတော်စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဒုတိယကာကွယ်ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါးဗာလက် စကူဘတ်စတီဒက်၊ ရုရှားအထက်လွှတ်တော်အမတ်နှင့် လူထုမီဒီယာနှင့်ပူးပေါင်း ဆောင်ရွက်ရေးနှင့် ပြန်ကြားရေးမူဝါဒ ဆိုင်ရာ ဖက်ဒရေးရှင်းကောင်စီကော်မတီဥက္ကဋ္ဌ အလက်ဇန်းဒါးပုရှကော့၊ ပြင်သစ်နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ လေ့လာဆန်းစစ်မှုဌာန ညွှန်ကြားရေးမှူး အလက်ဆန်ဒရိုဇာနာဆီ၊ ကာလက်တန် တက္ကသိုလ် ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုနှင့် ပြည်သူ့ရေးရာမူဝါဒဌာန ညွှန်ကြားရေးမှူး ပီယော့တာ ဒူကီဝစ်၊ ဆားဘီးယားနိုင်ငံ တစ်မျိုးသားလုံးလွတ်မြောက်ရေးစစ်ပွဲများမှ စစ်ပြန်များသမဂ္ဂဥက္ကဋ္ဌ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဗလာဒီမာကိုဗာဆီဗစ်၊ ဘီလာရုနိုင်ငံ မဟာဗျူဟာသုတေသနဌာန ညွှန်ကြားရေးမှူး အိုလက်မာကာရော့၊ ရုရှား-ဆလိုဗက်ကီးယား အသိုင်းအဝိုင်းသမဂ္ဂဥက္ကဋ္ဌ ချာနိုဂါစကီ၊  မဟာဗျူဟာလေ့လာရေးဌာနမှူး ရော့ဒီဝစ်တို့က ပါဝင် ဆွေးနွေးကြပါသည်။

 

ညီလာခံဒုတိယနေ့ဖြစ်သော ဇွန်လ ၂၄ ရက်တွင် ရုရှားနိုင်ငံလုံခြုံရေးကောင်စီ အတွင်းရေးမှူး ကြည်းတပ်ဗိုလ်ချုပ်ကြီး နီကိုလိုင်းပါထရူရှပ်၊ ရုရှားဖက် ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပြည်ပ ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး ဆာဂျီနာရစ်ရှကင်တို့၏ တင်ပြချက်များနှင့်အတူ ညီလာခံကိုဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

 

မော်စကိုအပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ကမကထ ပြုမှုဖြင့် ၂၀၁၂ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါညီလာခံသည် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအတွက် အမှန်တစ်ကယ်ဖြစ်ပျက် နေသောပြဿနာများကို ဆွေးနွေးရေးအတွက် ယုံကြည် လောက်သောပလက်ဖောင်းအဖြစ် ၎င်း၏အခန်းကဏ္ဍကို အမြဲတစေခိုင်မာစေပြီး ရုရှားနိုင်ငံအတွက် သာမက ပြည်ပနိုင်ငံများအတွက်ပါ အစဉ်အလာ ကောင်းတစ်ခုဖြစ်ပါသည်။