နေပြည်တော် ဇွန် ၂၃
သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး လုပ်ငန်း လမ်းညွှန်(မူကြမ်း) ဒုတိယအကြိမ်နှင့် ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များ စိစစ်ရေးဗဟိုကော်မတီနှင့် သက်ဆိုင်ရာ သင်တန်း ကျောင်းများအလိုက် ပြစ်ဒဏ်ချမှတ် ခြင်းခံရသော ကလေးသူငယ်များ စိစစ်ရေးကော်မတီများကို ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကလေး သူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှု၍ သင်တန်းကျောင်းများအားလုံးအနေဖြင့် တပြေးညီဆောင်ရွက်နိုင်စေရန် လုပ်ငန်းလမ်းညွှန် ချမှတ်ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းလမ်းညွှန်(ပထမမူကြမ်း) အပေါ် ကလေးသူငယ်တစ်ဦး ချင်းစီအလိုက် စိစစ်ရေးပုံစံများ ထည့်သွင်းရန် မူဝါဒချမှတ်ပြီး ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် Standardized ဖြစ်စေရေးအတွက် အတည်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ကလေးသူငယ်များအတွက် အခွင့်အရေးကို ဦးတည်ဆောင်ရွက်ရာ တွင် ပြုစုစောင့်ရှောက်သူများ အပါအဝင် ရပ်ရွာပတ်ဝန်းကျင်နှင့် ရေရှည်အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းလမ်းညွှန် (ဒုတိယမူကြမ်း) ရေးဆွဲထားရှိမှုအခြေအနေနှင့် သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေး သူငယ်များစိစစ်ရေး ဗဟိုကော်မတီ၊ သက်ဆိုင်ရာ သင်တန်းကျောင်းများအလိုက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုကို တင်ပြဆွေးနွေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က လုပ်ငန်းလမ်းညွှန် (ဒုတိယမူကြမ်း) နှင့် ပတ်သက်၍အတည်ပြုနိုင်ရေး ပြင်ဆင်၊ ဖြည့်စွက်ရမည့် အချက်များအား တင်ပြဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာသော သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး များနှင့် သင်တန်းကျောင်းအသီးသီး၏ တာဝန်ခံများ၊ ကျောင်းအုပ်များက ပြင်ဆင်၊ ဖြည့်စွက်ရမည့် အချက် များအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လုပ်ငန်းလမ်းညွှန် (ဒုတိယမူကြမ်း) အပေါ် အတည်ပြုနိုင်ရေး လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ခဲ့ပြီး သင်တန်းကျောင်းများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)