Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး သင်တန်းဖွင့်ပွဲ တက်ရောက်

 

 

နေပြည်တော် ဇွန် ၁၇

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်သည့် Pipeline Regulation and Working Introduction သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ဒုတိယ ဝန်ကြီး ဦးသန့်စင်၊ ဦးစီးဌာန/လုပ်ငန်းများမှဌာန အကြီးအကဲများ၊ သင်တန်းနည်းပြများ၊ အရှေ့တောင် အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် သင်တန်း သူသင်တန်းသားများ တက်ရောက်ကြသည်။

 

သင်ကြားခွင့်ရရှိ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခု သင်တန်းကို တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့်အတူ ပိုက်လိုင်း တည်ဆောက်ရေးဆိုင်ရာ နည်းပညာများ၊ ပိုက်လိုင်းစောင့်ကြည့်မှု နည်းစနစ် များ၊ ပိုက်လိုင်း လမ်းကြောင်းတစ်လျှောက် လုံခြုံရေး ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု ပညာရပ်များကို သိရှိနားလည်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်း သား သင်တန်းသူများအနေဖြင့် မိမိတို့၏ လုပ်ငန်းခွင်ဆောင်ရွက်မှုများနှင့်နှိုင်းယှဉ်၍ စာတွေ့၊ လက်တွေ့ လေ့လာသိရှိ သင်ကြားခွင့်ရရှိမည် ဖြစ်ပါကြောင်းပြောကြားပြီး သင်တန်းခန်းမ ဆောင် အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

စာတွေ့လက်တွေ့ သင်ကြားပို့ချ saabul Pipeline Regulation and Working Introduction သင်တန်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ရေနံမြေနှင့်

ဌာနအသီးသီးမှ သင်တန်းသား ၃၀ ကို SCADA System i Basic & Operation System 1 Pipeline Cathodic Protection Technology own ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်