Skip to main content

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

နေပြည်တော် ဇွန် ၁၇

 

 

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်း ကောက်ယူ ရေးလုပ်ငန်း စီမံကိန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်း က နေပြည်တော် ဂရိတ်ဂေါ ဟိုတယ်၌ ကျင်းပသည် ။

 

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကျေးလက်ဒေသ များရှိ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေကြသည့် ပြည်သူ အများစုအတွက် လယ်ယာ သန်းခေါင်စာရင်း အချက် အလက် များသည် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်သည်ကို သတိပြုကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင် ရွက်သူများ အနေဖြင့် ယခင်အတွေ့အကြုံများကို အသုံးချရန် လိုအပ် သည့်နည်းတူ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်ညီညွတ်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံတကာနှင့် နှိုင်းယှဉ်တွက်ချက်ရာတွင် ပြည့်ဝမှန်ကန် သည့် ညွှန်းကိန်း များပေါ် ထွက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

 

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ နှင့် တိုင်းဒေသကြီး  ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

မြန်မာနိုင်ငံ လယ်ယာ သန်းခေါင်စာရင်းကို ၁၉၅၃ ခုနှစ် ၊ ၁၉၉၃ ခုနှစ်၊ ၂၀၀၃ ခုနှစ် များတွင်ကောက်ယူခဲ့ပြီး ၂၀၁၀ခုနှစ်တွင် စတုတ္ထအကြိမ်ကောက်ယူခဲ့သည့် လယ်ယာ သန်းခေါင်စာရင်းကောက်ယူမှုတွင် နမူနာအိမ်ထောင်စု ၅ ဒဿမ ၄ သန်း ၌ သီးနှံ စိုက်ပျိုးရေး နှင့် တိရစ္ဆာန်မွေးမြူရေး ပူးတွဲလုပ်ကိုင်နေသည့် အိမ်ထောင်စုပေါင်း ၃ ဒဿမ ၉ သန်း ၊ သီးနှံစိုက်ပျိုးရေး သီးသန့်လုပ်ကိုင်သူ အိမ်ထောင်စုပေါင်း ၁ ဒဿမ ၂ သန်း ၊ မွေးမြူရေး သီးသန့်လုပ်ကိုင်သူ အိမ်ထောင်စုပေါင်း   ဒဿမ ၄ သန်း ရှိကြောင်း၊ ၂၀၀၃ ခုနှစ် လယ်ယာ သန်းခေါင်စာရင်း နှင့် ၂၀၁၀ခုနှစ် လယ်ယာ သန်းခေါင်စာရင်း ကို နှိုင်းယှဉ်ပါ လယ်ယာပိုင်ဆိုင်မှုဧရိယာ အနေဖြင့် ၂၀၁၀ခုနှစ် တွင် ၄၉ ရာခိုင်နှုန်းမြင့်တက် လာကြောင်း၊ ယခုကောက်ယူမည့် လယ်ယာ သန်းခေါင်စာရင်းသည် ၂၀၂၀ခုနှစ်တွင် ကောက်ယူရန်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းများရပ်တန့်ခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

 

(သတင်းစဉ်)