Skip to main content

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို သန်လျင်ရှိ ကိုလိုနီ ခေတ်အဆောက်အဦများ ကြည့်ရှုစစ်ဆေး ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညို၍ ဂေါပကအဖွဲ့နှင့်တွေ့ဆုံ

နေပြည်တော် ဇွန် ၁၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့ရှိ ပေါ်တူဂီဘုရားရှိခိုးကျောင်းနှင့် အမှတ်(၁)ရေနံချက် စက်ရုံဝင်း အတွင်းရှိ ကိုလိုနီခေတ် အဆောက်အဦးများအား စစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြသည်။

 

ပေါ်တူဂီဘုရားရှိခိုးကျောင်းသည် ၁၇၄၉ ခုနှစ်တွင် Rev.Fr. Paolo Marie Nerini နှင့် Rev. Nother Angelo Capello တို့က သန်လျင်မြို့ရှိ အာမေနီးယန်းလူမျိုး ကုန်သည်ကြီး Nicolas de Agualar ၏ လှူဒါန်းမှုဖြင့် အလျား ၈၁ ပေ၊ အနံ ၃၁ ပေ၊ အမြင့် ပေ ၄၀ ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းအဖြစ် တည်ဆောက်ခဲ့ရာ ယခုသက်တမ်း ၂၇၂ နှစ်ခန့်ရှိပြီဖြစ် ကြောင်း၊ ၁၉၀၄ ခုနှစ်မှစ၍ ရှေးဟောင်းအဆောက်အဦအဖြစ် စာရင်းသွင်းစောင့်ရှောက်ထား သည့် ဇယားဝင်အဆောက်အဦ တစ်ခုလည်း ဖြစ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံလျင်ရေနံချက်စက်ရုံဝင်းအတွင်းရှိ ကိုလိုနီခေတ် အဆောက်အဦများကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်း အဆောက်အဦများကို ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ထိန်းသိမ်းစောင့် ရှောက်သကဲ့သို့ ကိုလိုနီခေတ်အဆောက်အဦများကိုလည်း မူလလက်ရာ မပျက် ထိန်းသိမ်းစောင့် ရှောက်ကြရန်လိုကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်ပဓာနနာယက၊ နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့၊ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီးထံ မှ သြဝါဒခံယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီ တော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ အစည်းအဝေးပြုလုပ်ပြီး လေးဆူဓာတ်ပုံရွှေတိဂုံတော်မြတ်ကြီးအား အများပြည်သူ စိတ်ချမ်း မြေ့စွာ လာရောက်ဖူးမြော်ကြည်ညိုနိုင်ရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Covid-19 ရောဂါ ထိန်းချုပ်တားဆီးကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ စနစ် တကျ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရေးဆောင်ရွက်ထားရှိရန်မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်၊၊

 

(သတင်းစဉ်)