Skip to main content

ရန်ကုန်မြို့ မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ နေထိုင်ခွင့် ဇူလိုင်လတွင် စတင်ခွင့်ပြုမည်

ရန်ကုန် ဇွန် ၁၅

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူကာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း တာဝန်ထမ်းဆောင် လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ အတွက် ရည်ရွယ်တည်ဆောက်ခဲ့ သည့် ရန်ကုန်မြို့ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မြနန္ဒာလမ်း ပေါ်ရှိ မြနန္ဒာ နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာကို ယခုအခါ ဝန်ကြီးဌာန အသီးသီးက အဆင့်ဆင့် စိစစ် ကာ လျှောက်ထားလာပြီဖြစ်၍ လာမည့် ဇူလိုင်လဆန်းပိုင်းတွင် စတင်နေထိုင်ခွင့်ပြုရန် စီစဉ် လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာ နရုံးချုပ်မှ သိရသည်။ ဦးစားပေးနေထိုင်ခွင့်ပြု “အငှားဝန်ထမ်းအိမ်ရာ ချထား ပေးတဲ့အခါမှာ အဖွဲ့စနစ်နဲ့ ရွေးချယ် ချထားပေးမှာ ဖြစ်ပါတယ်။ ဌာန တွေက တာဝန်ရှိသူတွေရဲ့ အထူး ထောက်ခံစာလိုအပ်တယ်။ ပြော ရရင်တိုင်းဦးစီးမှူးတွေရဲ့ ထောက် ခံစာ အထူးထောက်ခံချက်ပေါ့။

 

အိမ်ပိုင်လည်း မရှိဘူး။ မိသားစုဝင်တွေလည်း များမယ်ဆိုရင်တော့ အဲဒီလို ဝန်ထမ်းတွေကို ဦးစား ပေးရွေးချယ် ပေး မှာဖြစ်ပါတယ်။ ခွင့်ပြုတဲ့အခါမှာ လည်း ဝန်ကြီးဌာနအသီးသီးရဲ့ လျှောက်ထားမှု | အပေါ်မူတည်ပြီး များရင်လည်းများသလို အချိုးကျ စနစ်နဲ့ နေခွင့်ပေးသွားမှာပါ။ အချိုးကျစနစ်ပေမယ့် လိုအပ်မှုအပေါ်မူတည်ပြီး ပြောခဲ့တဲ့အတိုင်း အဖွဲ့နဲ့ ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီက စိစစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတင် နောက်ဆုံးစိစစ်ရွေးချယ်ကာနေထိုင်ခွင့်ပြုသွားမှာပါ။ တကယ်ကို ရန်ကုန်မှာ မိုးပိုင်၊ အိမ်ပိုင်မရှိဘဲ တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေကို ဦးစားပေးနေထိုင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ နေထိုင်ခွင့် ကို လည်း လာမယ့် ဇူလိုင် ၁ ရက်မှာ စတင်ပြောင်းရွှေ့ နေထိုင်နိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမှာပါဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးယုခိုင်က ပြောသည်။

 

ယခုနေထိုင်ခွင့်ပြုမည့် မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာစီမံကိန်းတွင် ရှစ်ခန်းတွဲ ငါးထပ်တိုက် ၁၄ လုံးမှ အခန်းပေါင်း ၄၄၈ ခန်း ခွင့်ပြုပေးသွား မည်ဖြစ်သည်။ အခန်းတစ်ခန်းချင်းစီ အကျယ်မှာ လည်း ဧရိယာ ၄၃၆ စတုရန်းပေရှိပြီး ယင်းအခန်း များကို မမှုယမ်းများအတွက် ရည်ရွယ်မမှားယား မည်ဖြစ်သည်။ ဒုတိယညွှန်ကြားရေးမှူးနှင့်အထက်အငှားအိမ်ရာ လျှောက်ထားသူများကို ဧရိယာ စတုရန်းပေ ၉၄၀ရှိ အခန်း ၂၈ ခန်းကို ငှားရမ်းသွား မည်ဖြစ်သည်။ ယင်းသို့ အငှားချထားရာတွင် အရာထမ်းများအနေဖြင့် မူရင်းလစာ၏ ငါးရာခိုင်နှုန်း ကို လစဉ်ပေးသွင်းရမည်ဖြစ်ပြီး အမှုထမ်းများမှာမူ မူရင်းလစာ၏ သုံးရာခိုင်နှုန်းကို လစဉ် ပေးဆောင်ရ မည်ဖြစ်သည်။ အိမ်ရာပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။ ရန်ကုန်မြို့နယ်များအတွင်း ကိုယ်ပိုင်အိမ်ရာ မရှိသေးသော ပန်ယမ်းများအတွက် ရန်ကုန်တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်မှုဖြင့်တိုင်း ဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာအသီးသီးသို့ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာလျှောက်ထားနိုင်မည့် အကြောင်းကြားစာ များကို ပြီးခဲ့သောမေလအတွင်း က ပေးပို့ခဲ့သည်။ ယခုအခါ ဌာနဆိုင်ရာအသီးသီးမှ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ် ရာဖွံ့ဖြိုးရေး ဦးစီးဌာနသို့ သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ လျှောက်ထားခဲ့ပြီးဖြစ် သည်။ အဆိုပါ မြနန္ဒ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာကို ဆက် လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနက တာဝန်ယူတည်ဆောက်ခဲ့ကာ ယင်းမြနန္ဒာ အငှားအိမ်ရာ ဖွင့်ပွဲအခမ်းအနားကို ပြီးခဲ့သော ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ကျင်းပခဲ့ခြင်း ဖြစ်သည်။

မောင်စိန်လွင်(မြန်မာ့အလင်း)