ရန်ကုန် ဇွန် ၁ဝ
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ၊ ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် ဇွန် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ရန်ကုန်မြို့၌ တွေ့ဆုံ သည်။
အဓိကကျသည့် မူဝါဒ
ဇွန် ၉ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့် အမျိုးသားစာပေဆု၊ စာပေဗိမာန် စာမူဆုစိစစ် ရွေးချယ်ရေး အဖွဲ့ဝင်များ တွေ့ဆုံပွဲကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက စာပေသည် နိုင်ငံနှင့် ပြည်သူ၏ ကောင်းကျိုးကို အမှန်တကယ် ဖော်ဆောင်မှသာ ဆုအတွက် စဉ်းစားထိုက်သည်ဟု ရှင်းလင်းစွာ ခံယူပါကြောင်း၊ နိုင်ငံနှင့်ပြည်သူ့အတွက် ဦးစားပေး စဉ်းစားခြင်း သည် အဓိကကျသည့် မူဝါဒ ဖြစ်မည်ဟု တင်ပြလိုပါကြောင်း၊ စာပေဆုများ ကို လွတ်လပ်စွာ ဖတ်ရှုသုံးသပ်စဉ်းစားဆုံးဖြတ်နိုင်ကြပါကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစည်းအဝေးခန်းမ၌ MITV ရုပ်သံလိုင်း ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ တက်ရောက်ပြီး MI Channel အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ထုတ်လွှင့် မှုမပြတ်တောက်အောင် ဆောင်ရွက်နိုင်ခဲ့မှု၊ နိုင်ငံတော်၏ အရေးပေါ်ကြေညာ ထားစဉ် ကာလတွင် လည်း ဝန်ထမ်းကောင်းများပီသစွာ လုပ်ငန်းတာဝန် မပျက်၊ ထုတ်လွှင့်မှုမပြတ်အောင် ဆောင်ရွက် နိုင်မှု၊ သတင်းနှင့်အစီအစဉ်များ တိုးတက်ထုတ်လွှင့်နိုင်မှု အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း ဆွေးနွေး ပြောကြား သည်။
ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရန်ကုန်) မှ အရာထမ်း၊ အမှုထမ်း များနှင့် ယနေ့ နံနက်ပိုင်းတွင် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် လည်းကောင်း တွေ့ဆုံ သည်။
တွေ့ဆုံပွဲများတွင်
ပြည်ထောင်စုဝန်ကြီး က မိမိ၏အလုပ်ကို ချစ်မြတ်နိုးပြီး စေတနာထား လုပ်ဆောင်ရန်၊ လုပ်ငန်း ကျွမ်းကျင်မှု ရှိအောင် လေ့ကျင့်ရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်၊ မြန်ဆန်အောင်လုပ်ဆောင်နိုင်ရေး အမြဲတမ်း အသင့်ပြင်ထားရန်နှင့် ဌာနအချင်းချင်း ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်