နေပြည်တော် ဇွန် ၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပ ပြုလုပ်သော ၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ယနေ့ (စတုတ္ထနေ့)တွင် နိုင်ငံတစ်ဝန်းလုံးရှိ စာဖြေဌာန ၅၉ ဌာနတို့တွင် စာဖြေသံဃာတော်နှင့်သီလရှင်များ စာရင်းသွင်း ၁၄၅၂၄ ပါးအနက် ၈၅၂၂ ပါး ဖြေဆိုကြသဖြင့် ၅၈ ဒဿမ ၆၈ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရှိရသည်။
(သတင်းစဉ်)