Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်၊ ဇွန်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof နှင့် အာဆီယံ အတွင်း ရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်၊ ဧည့်ခန်းမ ၌လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဧပြီ ၂၄ ရက် တွင်ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ ခေါင်းဆောင် များ ထိပ်သီးအစည်းအဝေး ရလဒ်များကိစ္စ၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းအားထုတ်နေမှုကိစ္စ၊ အာဆီယံကနဦး ဆန်းစစ် လေ့လာရေး အကြံပြုချက်များ အကောင်အထည်ဖော်ရေးကိစ္စ၊ COVID-19 ရောဂါကာကွယ်ဆေး ရရှိရေးအတွက် အာဆီယံအဖွဲ့မှဆောင်ရွက်နေမှု၊ မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များ၊ မတရား အသင်း ကြေငြာထားသည့် CRPH NUG တို့နှင့်စပ်လျဉ်း၍ အသင်းအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များမှ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် စစ်ဆေးတွေ့ရှိမှုအခြေအနေ၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းသွားချိန်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပြုလုပ်သွားမည့် အခြေအနေနှင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက် မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်၊ ဦးဝဏ္ဏမောင်လွင် ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံ အတွင်းရေး မှူးချုပ်တို့နှင့်အတူ အာဆီယံ ဒုတိယအ တွင်းရေးမှူးချုပ် Mr. Garry Ramtee Bin Haji Ibrahim နှင့်တာဝန်ရှိသူတို့ တက်ရောက် ခဲ့ကြကြောင်းသတင်းရရှိသည်။

(သတင်းစဉ်)