နေပြည်တော် ဇွန် ၂
ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည် တည်တံ့ ပြန့်ပွားစေရန် အတွက် ငါးမြစ်ချင်း၊ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်း ငါးကောင်ရေ (၂)သိန်းစိုက်ထည့်ပွဲ အခမ်းအနားကို မေ ၃၀ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ် မြို့ဦး ကင်းတံတား၌ ပြုလုပ်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး ပဲခူးမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့် ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးမှုတိုးမြှင့်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရာက်ဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ သမဝါယမဦးစီးဌာနအောက် ရှိ ရွှေမြန်မာ လက်မှုထည်ပစ္စည်းရောင်းဝယ်ရေးနှင့် အထွေထွေစီးပွားရေးလုပ် ငန်း သမဝါယမအသင်းလီမိတက်နှင့် CO.OP အားကစားလေ့ကျင့်ရေးခန်းမများ ကို လည်းကောင်း၊ ပဲခူးငါးလုပ်ငန်းစခန်း၏ ငါးသားဖောက်လုပ်ငန်း၊ မျိုးငါးပြုစုခြင်း၊ ဆေးထိုးသားဖောက်ခြင်း၊ ငါးမှုန်ပြုစုခြင်း၊ ငါးမျိုးပြုစုခြင်း (ငါးသန်)၊ ငါးမျိုးစိုက် ထည့်ခြင်း၊ ငါးမျိုးရောင်းချခြင်းလုပ်ငန်း များကိုလည်းကောင်း၊ မြစိမ်းရောင် ကျေးရွာ ငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး အားပေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချဌာနခွဲ ဓါတ်ခွဲခန်းများနှင့် မျိုးစေ့ဌာနရှိ ဓာတ်ခွဲခန်းကိုလည်းကောင်း၊ ကဝမြို့နယ်၊ ဇွဲဘာကျေးရွာ ရှိ ပုဂ္ဂလိက ဥစားဘဲမွေးမြူရေးလုပ်ငန်းနှင့် မျိုးဘဲသားဖောက် လုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးအားပေးသည်။
ထို့နောက် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာစိုက်ပျိုးပညာပေးစခန်း နယ်မြေ အတွင်းရှိ မျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံပြီး တောင်သူမိသားစုများ အိမ်ခြံဝင်း ဟင်းသီးဟင်းရွက်စိုက်ခင်းများ ထူထောင်စိုက်ပျိုးနိုင်ရေးအတွက် ဟင်းသီးဟင်းရွက် မျိုးစေ့များကို ထောက်ပံ့ပေးအပ်ရာ တောင်သူကိုယ်စားလှယ်တစ်ဦးက လက်ခံရယူခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)