Skip to main content

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနယ်မြေအတွင်းသို့သွားရောက်မည့်လူငယ် ၃ ဦးအား ထိန်းသိမ်း

နေပြည်တော်၊ ဧပြီ - ၁၉ အကြမ်းဖက်ဆန္ဒပြရာတွင်ပါဝင်သော လူငယ်များအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနှင့်ချိတ်ဆက်၍ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် သွားရောက်မည်ဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေများအလိုက် လုံခြုံရေး လုပ်ငန်းများအား အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဖယ်ခုံမြို့၊ ကုန်းဆုံ ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ရန်ကုန်- လွိုင်ကော် ပြေးဆွဲလျက် ရှိသည့် မျိုးဆက်သစ်မှန်လုံယာဉ် ယာဉ်အမှတ်၊ YGN/ 4Q---အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်မှ ရန်ကင်းမြို့နေသူ ၃ ဦးဖြစ်သည့် စွမ်းထက်လှိုင်သော်၊ (၂၀)နှစ် (ဘ)ဦးကျင်ထွေး၊ ဘုန်းမြတ်ဝင်း၊ (၂၁)နှစ်(ဘ)ဦးရဲဝင်းနှင့် မျိုးနန္ဒ(ခ) ကျော်စည်သူ၊ (၂၃)နှစ်(ဘ)ဦးမျိုးကျော်တို့အား တွေ့ရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့ သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေများအတွင်းသို့ အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် သွားရောက်ကြမည့်သူများဖြစ်ကြောင်း သိရှိရသဖြင့် အချိန်မီဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။ အဆိုပါဖမ်းဆီးထိန်းသိမ်းထားသူများအား သက်ဆိုင်ရာရဲစခန်း၌ တရား ဉပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။ သတင်းစဉ်