Skip to main content

မာရဝိဇယ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ် အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်ကောင်စီနယ်မြေသို့ သတ္တမအကြိမ် ပင့်ဆောင် ပူဇော်ခြင်း မဟာ မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၉ နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် မာရဝိဇယ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ တည်ထား ကိုးကွယ်မည့် နေပြည်တော် ကောင်စီနယ်မြေသို့ သတ္တမအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့ဉက္ကဌ မစိုးရိမ် ကျောင်းတိုက် ပါဠိ-နယူပဒေသကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တပ်မတော် ကာကွယ်ရေးဉီးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး နှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။ ဦးစွာ ပါဠိ-နယူပဒေသကျောင်း ဆရာတော် အမှူးပြုသော သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို တက်ရောက်လာကြသူ များက နာယူကြည်ညိုကြသည်။ ဆက်လက်၍ ပထမဦးဆုံးထွက်ခွာမည့် မာရဝိဇယထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်း တုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ဆရာတော်ကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။ ထို့နောက် မာရဝိဇယထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများအား ပင့်ဆောင်ရန်အတွက် အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြပြီး မာရဝိဇယ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်လျောင်းလျာ ပင်မကျောက်တော်ကြီးမှ တန်ချိန် (၅၇၀)တန်ရှိ ရုပ်ပွားတော် အပိုင်း(၂)၊ တန်ချိန် (၆၃၃)တန်ရှိ ရုပ်ပွားတော်အပိုင်း(၃)တို့ကို တင်ဆောင်ထားသည့် Modular Trailer များသည် မင်္ဂလာအချိန်တွင် စတင် ပင့်ဆောင်ထွက်ခွာတော်မူကြရာ မန္တလေးတိုင်း ဒေသကြီး၊ သံဃ နာယကအဖွဲ့ဉက္ကဌ မစိုးရိမ်ကျောင်းတိုက် ပါဠိ-နယူပဒေသကျောင်းဆရာတော်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ တိုင်းမှူးနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က လက်ဆယ်ဖြာဦးထိပ်ထား၍ ကြည်ညိုကြ သည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်း အနားကို အောင်မြင်စွာ ရုတ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်