ရန်ကုန် ဧပြီ ၁၃
ယနေ့ ၁၃၈၂ ခုနှစ် မဟာသင်္ကြန် အကြိုနေ့တွင် ရန်ကုန်မြို့တွင်း၌ YBS ယာဉ်များ ပြေးဆွဲလျက်ရှိသည်။
အဆင်ပြေစေရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (YRTA)က ယခုနှစ် သင်္ကြန်ကာလ၌ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူ များ အဆင်ပြေစေရန် YBS ယာဉ် လိုင်းပေါင်း ၄၃ လိုင်းဖြင့် ယာဉ်စီးရေ ၆၂၇ စီး ပြေးဆွဲလျက်ရှိသည်။
အဆိုပါပြေးဆွဲမှုသည် ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သင်္ကြန်ကာလ အတွင်း၌သာဖြစ်ပြီး ဧပြီ ၁၇ ရက်မှစ၍ ယာဉ်လိုင်းများအားလုံး ပုံမှန်ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရ သည်။
ကျော်ဆန်းမြင့်