Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အစည်းအဝေး (၃/၂၀၂၁)သို့ တက်ရောက် အမှာစကား ပြောကြား

နေပြည်တော်၊ ဧပြီ ၉ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အစည်းအဝေး (၃/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော် မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ အောင်ကြီး၊ ဦးအောင်ကျော်ထွန်းနှင့် ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကြီးဝင်းတင့်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသီသီမြင့်၊ ဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ တွဲဖက် အတွင်းရေး မှူး ဗိုလ်မှူးချုပ်ရန်နောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌက ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ ကုန်သွယ်မှုအခြေအနေများ ၊ နယ်စပ် စခန်းများအလိုက် ကုန်သွယ်မှုအခြေအနေများ၊ ပုဂ္ဂလိကဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များ၊ CMP လက်ခစား စက်ရုံများ ၏ လက်ရှိလုပ်ခလစာနှင့် စက်ရုံလည်ပတ်နိုင်ရေးကိစ္စရပ်များ၊ မီးလောင် ဆုံးရှုံးသွားခဲ့သော စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများဆိုင်ရာ ကိစ္စရပ်များ၊ ဆိပ်ကမ်းကုန်သေတ္တာ ထိန်းသိမ်းခနှင့် ကုန်သေတ္တာငှားရမ်းမှု၊ သင်္ဘောလိုင်းဆိုင်ရာ ကိစ္စရပ်များ၊ တရားမဝင်ကုန် သွယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူးက (၂/၂၀၂၁) ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ် ချက်နှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အစည်းအဝေးသို့ တင်ပြ အတည်ပြု ချက်ရ ယူသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ၊ ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ဗဟိုကော်မတီ ဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အနေဖြင့် ကော်မတီ ဖွဲ့စည်းပြီး နောက်ပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ အလိုက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်မှ ဧပြီ ၈ ရက်အထိ ကုန်သေတ္တာသွင်းကုန် (၃၈,၂၅၄) လုံး ၊ ပို့ကုန် (၄၀,၃၄၉) လုံးနှင့် စုစုပေါင်း (၇၈,၆၀၃) လုံးတို့ကို ရှင်းလင်း ဆောင်ရွက်နိုင်ခဲ့ပြီး၊ စက်သုံးဆီတန်ချိန် အောက်တိန်း (၂၃၉,၀၄၃) တန် ၊ ဒီဇယ် (၃၀၄,၀၂၂) တန်ကို လည်းကောင်း၊ စားအုန်းဆီတန်ချိန် (၁၁၅,၉၉၃) တန်ကို လည်းကောင်း၊ သက်ဆိုင်ရာ ဆိပ်ကမ်းများ၌ ကုန်ချခဲ့သည်။ နယ်စပ်ကုန်သွယ်မှုအပိုင်းတွင်လည်း မူဆယ်ကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်မှ ဧပြီ ၈ ရက်အထိ ပို့ကုန်ယာဉ်ကြီး (၃၂,၃၅၁) စီး၊ သွင်းကုန် ယာဉ်ကြီး (၆,၅၄၆) စီး၊ စုစုပေါင်း (၃၈,၈၉၇)စီး ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ (၂၉၈) သန်းကျော်ကို လည်းကောင်း၊ မြဝတီကုန်သွယ်ရေးဇုန် အနေဖြင့် ပို့ကုန် ယာဉ်ကြီး (၁၅,၄၁၄) စီး၊ သွင်းကုန်ယာဉ်ကြီး (၇,၃၁၁) စီး၊ စုစုပေါင်း (၂၂,၇၂၅) စီး ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ (၂၄၉) သန်းကျော်ကို လည်းကောင်း ဆောင်ရွက်နိုင်ခဲ့သည်။ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများ၊ ဘဏ်ငွေကြေး လွှဲပြောင်းမှုဆိုင်ရာ အခက်အခဲများ၊ စက်မှုဇုန်များရှိ လစာထုတ်ပေးရန် အခက်အခဲများ ရှိပါက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်မှု ကောင်စီရုံးဝန်းအတွင်း (OSS) အဖွဲ့များဖြင့် နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး အကူအညီလိုအပ်ပါက လုပ်ငန်း ကော်မတီ လက်ကိုင်ဖုန်း (၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆)သို့ လည်းကောင်း၊ နေပြည်တော်ဗဟိုကော်မတီရုံးဖုန်း (၀၆၇-၃၄၀၉၆၇၁၊ ၀၆၇-၃၄၀၉၆၇၂၊၀၆၇-၃၄၀၉၆၇၃)သို့ လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)