နေပြည်တော် ဧပြီ ၈
သုတဝေအသီရိဂေဟာ အသိပညာပေးအစီအစဉ် (Family Quiz) မိသားစုပြိုင်ပွဲ၏ ပွဲစဉ် (၁၃)ကို ဧပြီ ၉ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်(၁၃)၏ COVID-19 ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ရဲထိုက်နှင့် မေသော်လဝန်းတို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲ ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဧပြီ ၉ ရက်နှင့် ဧပြီ (၁၀၊ ၁၁) ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ ညနေ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်