နေပြည်တော် မတ် ၂၄ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၃/၂၀၂၁ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို မတ် ၂၃ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာ၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စား လှယ်များက သတင်းမီဒီယာများ၏ သိရှိ လိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ တတိယ အကြိမ် မြောက် သတင်းစာရှင်းလင်းပွဲတွင် ထိုင်း ၂ ပိုင်းဖြင့် ရှင်းလင်းသွားမည်ဖြစ်ကြောင်း၊ အပိုင်း(၁)ကို မိမိမှ ရှင်းလင်း မည်ဖြစ်ပြီး အပိုင်း(၂)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးခင်မောင်ဦး က ရှင်းလင်း မည်ဖြစ်ကြောင်း၊ အပိုင်း(၁)မှာမတ် ၁ရက်မှတ် ၂၁ရက်အထိ ဖြစ်ပေါ်ခဲ့သည့် ဆူပူဆန္ဒပြမှု မှ အကြမ်းဖက် တိုက်ခိုက်မှု အသွင်ပြောင်းလဲလာသည့် မင်းမဲ့စရိုက်လှုပ်ရှားမှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လုပ်ဆောင်ချက်များ ဘီယာများ၏ သတင်းမှားဖော်ပြချက်များနှင့်သွေးထိုးလှုံ့ဆော်မှုများ နိုင်ငံတော်အဆင့် လာဘ်ပေး လာဘ်ယူမှုများနှင့် မသမာမှုများ၊ ရပ်/ကျေးအဆင့် အခြေခံ UEC များတွင် မဲမသမာမှုများ ဖြစ်ပွား ခဲ့ရသည့်ပုံစံနှင့် မြေပြင်တွင် မဲသမာမှုလုပ်ခဲ့သည့် အခြေအနေများကို ရှင်းလင်း ပြောကြားသွားမည်ဖြစ်ကြောင်း၊ တရားဝင် ထုတ်ပြန် ကြေညာခဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို ရယူထိန်း သိမ်းခြင်းသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ဖြစ်ခဲ့သည့် မဲမသမာမှုများ မဲလိမ်မဲခိုးများ ကြောင့် ထိန်းသိမ်း ရခြင်းဖြစ်ကြောင်း အဆိုပါကိစ္စများကို ဖြေရှင်းပေးရန်အတွက် နိုဝင်ဘာ ၃၀ ရက်မှ စတင်ပြီး တပ်မတော်က တရားဝင်ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ ၂ လလုံး အချိန်ရတရားဥပဒေ နှင့်အညီ ဖြေရှင်းရန် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ စေ့စပ်ညှိနှိုင်းအဖြေရှာရေး လမ်းစဉ်လုပ်ပေးရန် တောင်းဆို ခဲ့ကြောင်း၊ လျစ်လျူရှုသည့်အ ဆင့်ထက် ပိုမိုသည့်အဆင့်ကိုလုပ်ခဲ့ကြောင်း၊ ယခုမှစေ့စပ်ညှိနှိုင်း ရန် ပြောနေခြင်း များရှိကြောင်း၊ ဘာကြောင့် ယခင်က မပြောခဲ့သည်ကို စဉ်းစား၍မရကြောင်း၊ စေတနာ မှန်လျှင် မိမိတို့နိုင်ငံကို ဒီမိုကရေစီ စစ်စစ်နိုင်ငံဖြစ် စေချင်သည်ဆိုလျှင် အဲဒီအချိန်က စေ့စပ်ညှိနှိုင်းပါ ဟုပြောနေသည့်သူများအနေဖြင့် ပြောခဲ့သင့်ကြောင်း။ ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ရယူခဲ့ရကြောင်း၊ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၉ ရက်မှစပြီး ငြိမ်းချမ်းစွာဆန္ဒပြမှ ဆူပူဆန္ဒပြမှုသွင်ကို ပြောင်းလဲ လာကြောင်း၊ နောက်ပိုင်း မင်းမဲ့စရိုက်အသွင်၊ လက်နက်ကိုင်အကြမ်းဖက်မှုအသွင်သို့ ပြောင်းလဲလာ ခဲ့ကြောင်း၊ အကြမ်းဖက် ဆန္ဒပြသူများအနေဖြင့် မြို့နယ် ၃၀ ခုတွင် ပြည်သူပိုင်ရုံး ၆ ခုရဲစခန်း ၃၀ ခု ရဲကင်း၁၂ကင်း၊ အဆောက်အဦ၅ ခုတို့ကို အကြမ်းဖက်ဖျက်ဆီးခဲ့ကြောင်း မီးရှို့ ဖျက်ဆီးမှုများအနေဖြင့် စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးမှု ၃ ကြိမ်၊ တံတားမီနို့မှု၁ ကြိမ် ATM စက်နှင့် ဘဏ်များဖျက်ဆီးခံရမှု ၂ ကြိမ်၊ ဆက်သွယ်ရေး တာဝါတိုင်များ ဖျက်ဆီးခံရမှု ၁ ကြိမ်၊ မီးသတ်စခန်းဖျက်ဆီးခံရမှု ၁ ကြိမ် မော်တော်ယာဉ်များဖျက်ဆီးခံရမှု ၄ ကြိမ်းနေ အိမ်များ မီးရှို့ခံရမှု ၂ ကြိမ်၊ ဆိုင်များဖျက်ဆီးမှု ၂ ကြိမ် မီးရထားလမ်းပိုင်း ဖျက်ဆီးခံရမှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း။ ပြည်သူလူထု သောင်းနှင့်ချီပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ စက်ရုံ၊ အလုပ်ရုံများ မီးရှို့ ဖျက်ဆီးခံရမှုအနေဖြင့် ရန်ကုန်တိုင်းသကြီးအတွင်း ၁၄ ရက်မှ၁၉ ရက်အတွင်း အထည်ချုပ်စက်ရုံ ၁၀ ရုံ၊ အထည်ချုပ်လုပ်ငန်းသုံး စက်ပစ္စည်းစက်ရုံ ၂ ရုံ၊ လျှပ်စစ်ပစ္စည်း စက်ရုံ ၁ ရုံး၊ ဓာတ်မြေသြဇာစက်ရုံ ၁ ရုံးအိတ်ချုပ်စက်ရုံ ၁ ရုံ၊ ပီနံအိတ်စက်ရုံ ၁ ရုံနှင့် ဖော့စ္စည်းစက်ရုံ ရုံးစုစုပေါင်းစက်ရုံ၊ အလုပ်ရုံ မီးလောင်ဆုံးရှုံးမှု၁၇ရုံဖြစ်ပွားခဲ့ကြောင်း၊ ထိုစက်ရုံများတွင် မှီခိုလုပ်ကိုင် နေရသည့် ပြည်သူလူထု သောင်းနှင့်ချီပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း၊ အဆိုပါအလုပ်လက်မဲ့ ဖြစ်ခဲ့ရသည့် မိသားစုများ၏ လူမှုစီးပွား ဘဝ “ခုဘယ်လိုဖြစ်နေမလဲ၊ သူတို့ကို မှီခိုနေရသည့်သူများ ဘယ်လို ဖြစ်နေမလဲ။ သွေးထိုး လှုံ့ဆော် သူများ၏သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဘယျက်ခဲ့သူတွေ ဘယ်လောက် ရှိနေပြီလဲ" စဉ်းစားကြရန်လိုကြောင်း ဓာတ်မီးတိုင်များ ဖျက်ဆီးခံရမှု ၁ကြိမ်းရထားလမ်းကို ဖျက်ဆီးခြင်း ရထားတိမ်းမှောက်အောင်လုပ်ခြင်းသည် အလွန်အန္တရာယ်ကြီးသည့်ဆောင်ရွက်မှုဖြစ်ပါကြောင်း၊ စက်ရုံ အလုပ်ရုံများ လုယူခံရမှုများ၊ နေအိမ်ဖျက်ဆီး ခံရမှုများ ဖြစ်ပွားခဲ့သည့် Video Clip များဖြင့် ရှင်းလင်း ပြောကြားသည်။ နိုင်ငံ၏ကုန်ထုတ်စွမ်းအားစုပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုအရေးကြီးသည့် စက်ရုံ၊ အလုပ်ရုံများကို မီးရှို့ ဖျက်ဆီးခြင်း များ၊ လုယက်ခြင်းများအထိ ဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်မည့် မီးသတ်ကားများ ထွက်ရအောင် အကြမ်း ဖက်တာဆီခဲ့ကြောင်း၊ ကမ္ဘာ့သတင်းမီဒီယာများတွင် “မြန်မာ့ဒီမိုကရေစီဆိုတာ ဒါလား” ဟုမေးခွန်း ထုတ်လာကြောင်း၊ ဒါတွေကို ငြိမ်းချမ်းစွာဆန္ဒပြတယ် ခေါ်မလား ဒီလိုဆူပူ ဆန္ဒပြ မီးရှို့ ၊ပစ်ခတ်တာတွေကို ဘယ်နိုင်ငံက ဘယ်အဖွဲ့အစည်းက ဘယ်လိုစံနှုန်းတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြတယ်လို့ သတ်မှတ်ပါသလဲ “ဟု မေးခွန်းထုတ်ချင်ကြောင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပြီး ၁၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်မတော်သား ၄ ဦး ကျဆုံးပြီး မိသားစုဝင် ၁ ဦး သေဆုံး ခဲ့ကြောင်း၊ အကြမ်းဖက် အုပ်စုက Cyber Bullying လုပ်ပြီး ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခဲ့ခြင်းကြောင့် | အပြစ်မဲ့ပြည်သူ ကျား ၃၃ ဦး၊ မ ၂ ဦး ပေါင်း ၃၅ ဦး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကြောင်း၊ သေဆုံးသူ စုစုပေါင်း ၄၄ ဦး၊ ဒဏ်ရာရသူ ၁၆၃ ဦးရှိကြောင်း၊ ဒီမိုကရေစီကို တောင်းဆိုတာလား “ငါနဲ့မတူ ငါ့ရန်သူ" ဆိုတဲ့ ဝါဒဖြစ်ပါကြောင်း၊ “ငါနဲ့မတူ ငါ့ရန်သူ“ဆိုတာကိုမှ ဒီမိုကရေစီဟု ယူဆလျှင် ဒီမိုကရေစီဟုတ်ဘဲ မင်းမဲ့စရိုက်ဟု ပြောလိုကြောင်း၊ မင်းမဲ့စရိုက်ကို နှိမ်နင်း ရမည်ဖြစ်ကြောင်း၊ မင်းမဲ့စရိုက်ကို “မည်သည့် ကမ္ဘာ့နိုင်ငံက လက်ခံပါသလဲ" လက်ခံလျှင် အဆိုပါမင်းမဲ့စရိုက် လူတန်းစားကို မြန်မာက Export ကောင်းကောင်းလုပ်ပေးမည်။ လက်ခံပေးပါဟု ပြောလိုကြောင်း ဒီမိုကရေစီ နည်းလမ်းအရ ကောင်းမွန်စွာ လက်ခံပေးပါဟု ပြောလိုကြောင်း၊ ယခုနောက်ပိုင်း အကြမ်းဖက်ရာတွင် အသုံးပြုသော လူကိုသေစေနိုင်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိစေ နိုင်သည့် လက်နက်များ၊ အကြမ်းဖက်သစ္စည်းများကို နေရာအနှံ့မှ ရှာဖွေဖော်ထုတ်တွေ့ရှိနေရကြောင်း ပြောကြားပြီး အကြမ်းဖက် ဆန္ဒပြရာတွင် အသုံးပြုနေသည့်လက်နက်များကို Video Clip ၂ ခု ပြသ၍ ရှင်းလင်းသည်။ အဆိုပါ အကြမ်းဖက်မှုများကို နှိမ်နင်းရာတွင် သေဆုံးမှုများရှိပါကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခြင်း၊ ရဲစခန်းများကို ပိုင်ဆန်းအကြမ်းဖက်တိုက်ခိုက်ခြင်း၊ သက်သေခံပစ္စည်းများ ဖောက်ဖျက်ရန် အတွက် လုပ်ဆောင် ခြင်း များကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိပါကြောင်း။ ။ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဆူပူသူများကို ဖြိုခွင်းမှုကြောင့် သေဆုံးမှုဒဏ်ရာရမှုများကို ပြောဆို နေခြင်းများလည်းတွေ့ရကြောင်း၊ သေဆုံးသူ ၁၆၄ ဦးရှိပြီး အကြမ်းဖက်ဆူပူသူများ သေဆုံးခြင်း သည် မိမိနိုင်ငံ သားများဖြစ်ခြင်းကြောင့် စိတ်မကောင်ပါကြောင်း၊ သို့သော် Covid-19 ရောဂါမဖြစ်ပွားမီ ၂ထ၉ ခုနှစ် တစ်နှစ်လုံး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရောဂါအမျိုးမျိုးနှင့် အတွင်းလူနအဖြစ် တက်ရောက်ကုသမှုခံယူရသူ ၈၉၅၂ ဦးရှိပြီး သေဆုံးသူ ၆၄၇၅ ဦးရှိကြောင်း တစ်လပျမ်းမျှအတွင်း လူနာ ၇၄၂ ဦးဖြစ်ပြီး တစ်လပျမ်းမျှ သေဆုံးလူနာ ၅၃၉ ဦး ရှိကြောင်း၊ ယခု ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် CDM လုပ်နေသည့် ကျန်းမာရေဆန်ထမ်းအချို့ကြောင့် လုပ်ငန်း အပြည့်အဝ ဆောင်ရွက်နိုင်မှုမရှိခြင်း တစ်လခွဲခန့်ရှိပြီ ဖြစ်ကြောင်း၊ ဆေးကုသဖို့ လိုအပ်ပေမယ့် ဆေးကုသမှုမခံရသည့်လူနာဘယ်လောက်သေဆုံးနေပြီလဲ” တစ်နိုင်ငံလုံး အတိုင်းတာကို မိမိအနေဖြင့် မပြောလိုသေးဘဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တစ်ခုတည်းကိုပဲပြောပြခြင်းဖြစ်ကြောင်း၊ တာဝန်မဲ့ကျင့်ဝတ် မလိုက်နာသူများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးမှုကို တွေ့မြင်နိုင်ပါကြောင်း။ ။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဘယ်လိုလိမ်ခဲ့တယ်။ ဘယ်လိုဖြစ်ခဲ့တယ်” ဆိုသည့် အခြေခံရပ်/ကျေး အဆင့်ကို ရှင်းလင်ပြမည်ဖြစ်ကြောင်း၊ အဆိုပါမဲသူခိုးများအတွက် မဲခိုးသူတွေက လှုံ့ဆော်တိုင်း မိမိတို့ ပဋိပက္ခတွေ ဖြစ်နေကြမည်လား သူများပြောတိုင်း၊ သွေးဆုံးတိုင်း လုပ်နေကြမည်လား၊ စဉ်းစားရန် လိုအပ်ကြောင်း ပြောကြား သည်။ နံပါတ် ၂အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လုပ်ဆောင်ချက်များကို ပြောကြားသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ယခုရက်သတ္တပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျွန်းစုမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့ သွားရောက်ခဲ့ကြောင်း ခရီးစဉ်တွင် နိုင်ငံတော်အကြီးအကဲအနေဖြင့် တပ်မတော်မှ နိုင်ငံတော်၏ တာဝန်များကို ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေမှု၊ ဒီမိုကရေစီ ဆိုသည်မှာ အများ၏ဆန္ဒနှင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး အများ၏ဆန္ဒနှင့် ဆောင်ရွက်သည်ဆိုသော်လည်း အများ၏ဆသည် စစ်မှန်ပြီး ရိုးသားသည့် နိုင်ငံရေး ဖြစ်ရန် လိုကြောင်း၊ အများ၏ဆသည် ရိုးသားမှုမရှိပါက ၊ ယင်းနိုင်ငံရေးသည် ဒီမိုကရေစီ ဟုပြော နိုင်ရန်ခဲ ယဉ်းသည်ကို ပြောကြားခဲ့ကြောင်း၊ အကြမ်းဖက် ဆန္ဒပြမှု ၊ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး “လူငယ် လူရွယ် များကို အမျိုး ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုကင်မဲ့စေသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင် လာစေရန်၊ ဆူပူအကြမ်းဖက်မှု ဖြစ်ပေါ်လာစေရန် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများလုပ်ဆောင်နေသည်ကို တွေ့မြင်ရပြီး နိုင်ငံတော်အတွက် အန္တရာယ်ရှိသည့်လုပ်ရပ် များဖြစ်ကြောင်း *လူငယ်လူရွယ်များအနေဖြင့် မိမိတို့၏ ရည်ရွယ် ချက်၊ အနာဂတ်ကိုရှုမြင်ပြီးနောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှု နိုင်ငံရေးသမားများ၏ ချောက်ချမှု များကို သတိ ထားမြင်သင့်ကြောင်း ရှင်းလင်း ပြောကြားသည်။ သွေးထိုးလှုံ့ဆော်မှုများကို ရှောင်ရှားရမည် ဆက်လက်၍ မီဒီယာများနှင့်ပတ်သက်၍ သတင်ကို မှန်ကန်စွာ ရေးသားခြင်း၊ နှစ်ဖက်အမြင်နှင့် မျှတစွာရေးသားခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးကိုထိခိုက်စေမည့်အရေးအသားများ အကြမ်းဖက်မှုဖြစ်အောင် သွေးထိုး လှုံ့ဆော် မှုများကို ရှောင်ရှားရမည်ဖြစ်သော်လည်း အချို့မီဒီယာများအနေဖြင့် သွေးထိုးလှုံ့ဆော်မှု၊ သတင်းမှား ဖြန့်မှုများကို ရည်ရွယ်ချက်ရှိရှိဆောင်ရွက်နေခြင်းကိုတွေ့ရကြောင်း၊မတ်လ၁၇ရက်တွင် နိုင်ငံတော်သံဃမဟာနာ ယက ဆရာတော်ကြီးများကို အကျယ်ချုပ်ဖမ်းချုပ်တယ်ဆိုပြီး ပြည်တွင်မီဒီယာတစ်ခုက သွင်းဖြန့်ခဲ့ကြောင်း အဆိုပါသတင်းကိုပင် အာဆီယံဒေသတွင်း၊ အာရှသေတွင်းထင်ရှားသည့် မီဒီယာတစ်ခုကထပ်မံရေးသား ခဲ့ခြင်းကို အံ့ဩဖွယ်တွေ့ရကြောင်း သတင်းဌာနသိက္ခာ၊ ယုံကြည်ကိုးစာရမှုနှင့် ပတ်သက်ပြီး မေးခွန်း ထုတ်စရာဖြစ် ကြောင်း၊ ရန်ကုန်မြို့၏ မြို့ကြီးအချို့မှအများပြည်သူသုံးလမ်းမကြီးများပေါ်တွင် အ အဆီများချထားခြင်း၊ သဲအိတ်များချထားပြီး လမ်းပိတ်ဆို့ထားခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် တာဝန်သိဒေသခံပြည်သူများက ရှင်လင်းဖယ်ရှားခြင်းကိုလည်း မတရားစေခိုင်းနေသည့် ပုံစံဖြစ် အောင် အမျိုးမျိုးဆောင်ရွက်ခဲ့ကြောင်း ယခုလို ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ဒေသခံပြည်သူအချို့၏ အမြင်ကို Mdeo Clip ဖြင့် ရှင်းလင်းပြသသည်။ ။ CRPH ကို မတရားအသင်းအဖြစ် ကြေညာခဲ့ ဆက်လက်ပြီး NLD ပညာရေးကွန်ရက်မှ ဦးဇော်မြတ်လင်း သေဆုံး မှုသည် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေစဉ် အိမ်ပေါ်ကခုန်ချရာမှ ခြံစည်းရိုးပေါ်ကျပြီး သေဆုံးခဲ့ခြင်း ဖြစ် ကြောင်း၊ အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညှဉ်းပန်းနှိပ်စက်၍ ပါးစပ်ထဲရေနွေး ပူလောင်း ထည့်ခြင်း ဟု လုပ်ကြံဖန်တီးပြီး သတင်းပြုလုပ်ခဲ့ခြင်းကိုလည်း တွေ့ရကြောင်း၊ အချို့လူမှုကွန်ရက်စာမျက်နှာ တွင် လုပ်ကြံဖန်တီးပြီး တင်သည့်ဓာတ်ပုံများကို မီဒီယာများက ယူသုံးထားခြင်းများ တွေ့ရကြောင်း၊ မီဒီယာများ အနေနှင့် အကြမ်းဖက်ဆူပူဆန္ဒပြသူများ၏ မီးရှို့ဖျက်ဆီးမှုများ၊ ဒလန်ဟုစွပ်စွဲပြီး ကားတာယာ ကွင်းပတ် မီးရှို့သတ် သည့် ဖြစ်စဉ်များ၊ မျက်လုံးဖောက်သတ်သည့် ဖြစ်စဉ်များ၊ လှိုင်သာယာမြို့နယ်တွင် ရိုးသားစွာ အသက် မွေးဝမ်း ကျောင်းပြုလုပ်ကိုင်နေသည့် ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို ၂ ကြိမ်တိုင်တိုင် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်များကို သတင်းအမှောင်ချပြီး တစ်ဖက်သတ်ရေးသားနေခြင်းများ တွေ့ရကြောင်း၊ ဒီပဲယင်းမြို့နယ်တွင် အမှုတွဲသွားပေးသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးကို အကြမ်းဖက်ဆူပူဆန္ဒပြသူများက တားဆီး ဖမ်းဆီးသတ်ဖြတ်သည့်ဖြစ်စဉ်ကို ရဲတပ်ဖွဲ့က စတင်ရန်ပြုသလို သတင်းကိုပြောင်းပြန်လုပ်ရေးသားခဲ့ ခြင်းများ တွေ့ရကြောင်း၊ “ဒါတွေဟာ လွတ်လပ်တဲ့ မီဒီယာလား၊ ဘက်မလိုက်တဲ့ မီဒီယာလား”ဟု မေးခွန်း ထုတ်လို ပါကြောင်း၊ ယခုအချိန်မှာ ဆူပူဆန္ဒပြမှုကိုမလိုလားသည့် ပြည်သူလူထုနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကို လိုလားသူများကြောင့် အကြမ်းဖက်မှုများ သိသိသာသာ လျော့နည်းလာကြောင်း၊ တချို့ မသမာသည့် မီဒီယာများက ဆူပူဆန္ဒပြမှုများ ထပ်မံဖြစ်ပွားလာအောင် ဦးတည်လှုံ့ဆော်နေခြင်းများကို တွေ့ရကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် အမိန့်ကြေညာစာအမှတ်၊ ၂/၂၀၂၁ အရ CRPH ကို မတရားအသင်းအဖြစ် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ မီဒီယာများ၏ သတင်းဖော်ပြချက်များ ရေးသားချက် များသည် ၎င်းမတရား အသင်းနှင့်ပတ်သက်ပြီး “တစ်နည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက် ရာတွင် ကူညီလျှင်” မတရား အသင်း အက်ဥပဒေပုဒ်မ ၁၇(၁)အရ ပြစ်မှုမြောက်သည်ကို သတိပေးလိုပါ ကြောင်း ပြောကြားသည်။ စတုတ္ထ အချက်အနေဖြင့် နိုင်ငံတော်အဆင့် လာဘ်ပေး လာဘ်ယူမှုနှင့် မသမာမှုများကို ရှင်းလင်း သွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်ပြီး ငွေကြေးဆိုင်ရာများ စစ်ဆေးလျက်ရှိသည်ကို ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မတ် ၁၇ ရက်က စစ်ဆေး တွေ့ရှိချက်အချို့ကို သတင်း ထုတ်ပြန်ပေးခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းရှိ ဖောင်ဒေးရှင်း ရုံးချုပ်မြေနှင့် အဆောက်အဦကို တစ်လငွေကျပ် ၁၅ သိန်းဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၂ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်အထိ ငါးနှစ်ငှားရမ်းခဲ့ကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ ကာလတန်ဖိုးသတ်မှတ်ပေးသည့် စံနှုန်း များနှင့် အခွန်စည်းကြပ်နှုန်းထားများအရ တစ်နှစ်ကို ငွေကျပ် ၂ ဒသမ ၆ ဘီလီယံ နိုင်ငံတော်က နစ်နာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ငှားရမ်းခ နှုန်းထားများအရ တွက်ချက်ကြည့်လျှင် ငွေကျပ် ၁ ဒသမ ၄ ဘီလီယံ နစ်နာကြောင်း၊ တစ်လကိုငှားရမ်းခ ငွေကျပ်သိန်း ၂၀၀၀ ကျော် နိုင်ငံတော်ကို ပေးသွင်းရမည်ဖြစ်ပြီး ငွေကျပ် ၁၅ သိန်းသာ ပေးသွင်းခဲ့ခြင်းဖြစ်ကြောင်း။ အလားတူနေပြည်တော် လရောင်တော စိုက်ပျိုးသက်မွေးပညာသင်ကျောင်း၊ လက်တွေ့စိုက်ခင်းတို့နှင့် ပတ်သက်ပြီး တစ်က ငွေကျပ်သိန်း ၅၀ နှုန်းဖြင့် ဝယ်ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာန၊ နေပြည်တော်၊ သီရိ ၅ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၊ ပြည်ထောင်စု နယ်မြေ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြေရောင်းဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရန်နှုန်းထားများအရ လမ်းကျယ်သတ်မှတ် နှုန်းဖြင့် တွက်ချက်လျှင် ငွေကျပ် ၂၆ ဒသမ ၄၃ ဘီလီယံ၊ အတွင်းလမ်းသတ်မှတ်နှုန်းဖြင့် တွက်ချက်လျှင် ငွေကျပ် ၁၈ ဒသမ ၁၅ ဘီလီယံ နိုင်ငံတော်အနေဖြင့် နစ်နာခဲ့ကြောင်း၊ နေပြည်တော်၊ လရောင်တော စိုက်ပျိုးသက်မွေးပညာသင်ကျောင်းမှာ L ပုံသဏ္ဌာန် တစ်ထပ်တိုက် အဆောက်အဦ ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး ဖောင်ဒေးရှင်းပိုင် မြေဧရိယာ ပေါ်တွင် ကျပ်ငွေ ၁ ဒသမ ၆ ဘီလီယံ အကုန်အကျခံပြီး ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရန်အတွက် လူနေအိမ် ဆောက်လုပ်ပြီး နောင်တစ်ချိန်မှာ ပြတိုက်အဖြစ် သုံးရန် ရည်ရွယ်ကြောင်းကို အဆိုပါ ဆောက်လုပ်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီက ပြောကြားကြောင်း၊ ငှားရမ်းခသတ်မှတ်ရာတွင် နိုင်ငံပိုင်မြေအဆောက်အဦတည်ရှိရာ ဒေသကာလပေါက်ဈေးအတိုင်း သတ်မှတ်ရန်၊ နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော် စီးပွားရေး အထောက် အကူပြုရန် ဦးစားပေး ဆောင်ရွက်သင့်သည့်လုပ်ငန်းဖြစ်ပါက ငှားရမ်းခကို ကာလ ပေါက်ဈေးဖြင့် သတ်မှတ် ခြင်းကို လျှော့ပေါ့စဉ်းစားနိုင်ကြောင်း၊ ၂၀၁၈ ခုနှစ်က နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြား ချက် ရှိသော်လည်း အဆိုပါ ညွှန်ကြားချက်သည် လူမှုအဖွဲ့အစည်းနှင့်သက်ဆိုင်မှုမရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော် ပိုင်မြေ သုံးစွဲမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် ထိုက်သင့်သည့် အခကြေးငွေမရရှိဘဲ နစ်နာ မှုရှိခြင်း၊ ဖောင်ဒေးရှင်းပိုင်အလှူငွေများကို သုံးပြီး ဥက္ကဋ္ဌနေထိုင်ရန် လူနေအိမ်ဆောက်ခြင်းသည် ဖောင်ဒေးရှင်း၏ မူလရည်ရွယ်ချက်ဖြစ်သည့် ပြည်သူများ၏ကျန်းမာရေး၊ ပညာရေး၊ လူမှုဘဝမြှင့်တင်ရေးများနှင့် သက်ဆိုင် မှုမရှိသည့် သုံးစွဲမှုများဖြစ်ပြီး ထပ်မံအသေးစိတ် စစ်ဆေးလျက်ရှိကြောင်း ပြောကြားသည်။ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို စေပိုင်ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်က အမေရိကန် ဒေါ်လာ ငါးသိန်းခွဲပေးအပ်ခဲ့သည့် လာဘ်ပေး လာဘ်ယူမှုများကို မတ် ၁၈ ရက်က သတင်း ထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ဦးမောင်ဝိတ်၏ ကိုယ်တိုင်ပြောကြားချက် Video ဖိုင်ကို ထပ်မံပြသ ရှင်းလင်း ပြောကြားကြောင်း၊ ပြီးခဲ့သည့် ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဟောင်း ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန်ဒေါ်လာ ၆ သိန်း၊ အကယ်ဒမီရွှေ ၇ ပိဿာ (၁၁ ဒသမ ၄၃၁ ကီလိုဂရမ်) ပေးခဲ့သည့်အကြောင်းကိုပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ အချို့မီဒီယာများအနေဖြင့် “သက်သေရှိရဲ့ လား၊ လုပ်ကြံဖန်တီးပြီး ပြောဆိုနေတာလား၊ စွပ်စွဲပြောဆိုနေတာ လား” ဟု သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် မေးမြန်းလာခဲ့ကြောင်း၊ မည်သည့်ဖိအားမှမပါဘဲ ဦးဖြိုးမင်းသိန်း ကိုယ်တိုင်ပြောဆိုချက် Video ဖိုင်ကို ပြသလိုပါကြောင်း၊ သေချာစိစစ်ကြည့်ရှုနိုင်ကြောင်း ပြသရှင်းလင်း သည်။ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုအဆင့်အဖွဲ့ဝင်အချို့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အဖွဲ့ဝင် အချို့၏ လာဘ်ပေး လာဘ်ယူမှု၊ မသမာမှုများကို ဖော်ထုတ်စစ်ဆေးလျက် ရှိနေသည်ကို ပြောကြားခဲ့ကြောင်း၊မြန်းချက်များ၊ ၎င်တို့၏ပြောဆိုချက်များအရ ယခင်ဝန်ကြီးချုပ်များဖြစ်သည့် ဒေါ်နန်းခင် ထွေးမြင့်၊ ဦဆင်းသိန်း၊ ဦးညီပုနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့သည် အဂတိ လိုက်စား မှုများ နှင့်ငြိစွန်းနေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် အတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က လိုအပ်သည့် စစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်လျက်ရှိကြောင်း ပြောကြားသည်။ နောက်ဆုံးအချက်အနေဖြင့် ပြည်သူများသိချင်နေသည့် လက်တွေ့မြေပြင်တွင်မဲမသမာမှု၊ မဲလိမ်မှုများ မည်ကဲ့ သို့ဆောင်ရွက်ခဲ့သည်ကို ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊မဲစာရင်းများ မှားယွင်းခြင်းသည် စာရင်း အရမှားခြင်းဖြစ်ပြီး လက်တွေ့မဲပေးရာတွင် လက်သန်းကိုမင်ဆွတ်ခြင်းကြောင့် နှစ်ခါမဲပေး၍ မရသည်များကို ပြောနေခြင်းများ တွေ့ရှိကြောင်း မြေပြင် စစ်ဆေးချက်များ၊ ရပ်ကွက်၊ ကျေးရွာအဆင့် ကော်မရှင်အဖွဲ့ဝင်များ၏ ဖွင့်ဟပြောဆိုချက်များအရ လက်တွေ့မြေပြင်တွင် မဲမသမာမှုမဲလိမ်မဲခိုးများကို ပထမအဆင့်အနေဖြင့် ကြိုတင် မဲပေးခွင့်ရှိသူတွေကို ဖောင်းပွအောင်ပြုလုပ်ခြင်း၊ ကြိုတင်မှ မဲခိုးခြင်း ဖြစ်ကြောင်း၊ ရပ်/ကျေးအဆင့် NLD အုပ်ချုပ် ရေးမှူးတချို့နှင့် အမာခံများက ဆောင်ရွက်ခဲ့ကြောင်း ဒုတိယအဆင့်အနေဖြင့် အဆိုပါကြိုတင်မဲပေမည့် လူများစာရင်းကို မြို့နယ်ကော်မရှင်ကို တင်ပြခဲ့ကြောင်း၊ မြို့နယ်ကော်မရှင်အနေဖြင့် အချက်အလက်ခိုင်လုံ သူများကို ပယ်ချခဲ့ခြင်းများရှိကြောင်း၊ သို့သော် အုပ်ချုပ်ရေးမှူးအချို့နှင့် NLD အမာခံများက ကျေးရွာ ကော်မရှင် ကို ဖိအားပေးပြီး စာရင်းပြန်ထည့် စေကြောင်း၊ ရပ်/ကျေးကော်မရှင်က ကွန်ပျူတာဖြင့်လည်းကောင်း၊ နောက်ဆုံး တွင် လက်ရေးနှင့် ရေးသား ဖြည့်သွင်းခဲ့ရသည့် သက်သေပုံများကို ကြေညာသင်ပုန်းတွင် ပြသထားကြောင်း။ ဘီပြုရမည်မှာ အဆိုပါ ကြိုတင်မဲထည့်ခဲ့ရသူများသည် မဲပေးပြီးကြောင်းလက်သန်တွင်မင်မဆွတ် ခဲ့ရကြောင်း၊ တတိယအဆင့်အနေဖြင့် ကြိုတင်မဲအတွက် ခွင့်ပြုအရေအတွက်ထက် ပိုနေသည့် မဲလက်မှတ် များကို တရားမဝင် ထုတ်ယူ အသုံးပြုခဲ့ခြင်းနှင့် ပိုနေခြင်းများကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း၊ မြို့နယ်တစ်ခုမှ ရပ်ကွက်တစ်ခုကို စစ်ဆေးခဲ့ရာ ကြိုတင်မဲပေးရမည့်ဦးရေ၁၀၀ ဦးသာရှိပြီး ကြိုတင်မဲလက်မှတ် ၃၄၅၀ စောင် ထုတ်ယူအသုံးပြုခဲ့ခြင်းကို တွေ့ရကြောင်း၊ ရပ်ကွက်တစ်ခုတည်းမှာ ပင်လျှင် ကြိုတင်မဲမှာ မဲလိမ်၊ မဲခိုးမှု ၃၅၀ ဦးရှိသည်ကို တွေ့ရကြောင်း၊ အချို့မဲလက်မှတ်များမှာ မဲရုံမှူး များ၏ လက်မှတ်မပါခြင်းများကိုတွေ့ရကြောင်း၊ စတုတ္ထအဆင့်အနေဖြင့် ကြိုတင်မဲကောက်ယူရာ NLD အမာခံများက NLD Logo နေရာကို ညွှန်ပြမဲပေးစေခြင်း၊ ပယ်မဲများကို NLD ခိုင်လုံမဲအဖြစ် ထည့်သွင်း ရေတွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အသေးစိတ် အချက် အလက်များကို ဗီဒီယိုဖိုင်များဖြင့် UEC မှ အဖွဲ့ဝင်၊ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ဆက်လက် ရှင်းလင်း သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ မီဒီယာများအနေဖြင့် ယခုရှင်းလင်းပြောကြားခဲ့သည့်အချက်အလက်များနှင့် ပတ်သက်သောသက်သေ အထောက် အထားများကို Board များတွင် ကပ်ထားကြောင်း၊ သတင်းစာရှင်းလင်းပွဲပြီးပါက လေ့လာ နိုင်ကြောင်း၊ မရှင်းလင်း သည်များထပ်မေးနိုင်ကြောင်း ဦးခင်မောင်ဦး ရှင်းလင်ပြီးသည့်အခါတွင် UEC နှင့်သက်ဆိုင်သော မေးခွန်းများ မေးမြန်းနိုင်ပြီး မိမိ၏ရှင်းလင်းချက်များနှင့် တ်သက်ပြီး မေးမြန်းလို သည်ကို မေးမြန်းနိုင်ကြောင်း၊ အချိန်အရ မီဒီယာတစ်ခုလျှင် မေးခွန်း၃ ခုသာ မေးမြန်းပေးရန် မေတ္တာရပ်ခံ လိုပါကြောင်း ရှင်းလင်း ပြောကြား သည်။ (ဆက်လက်ဖော်ပြပါမည်)