နေပြည်တော် မတ် ၂၄
တပ်မတော်အနေဖြင့် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် (၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူ များကို COMD-19 ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်း များအား တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်း များနှင့် ကာကွယ်ဆေးထိုးနှံပေး ခြင်းများကို ဆောင်ရွက် ပေးလျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ မတ် ၂၃ ရက်နှင့် ယနေ့တို့ တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နှင့် လောက်ကိုင်မြို့ အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း များနှင့် သေခံတိုင်းရင်းသား ပြည်သူများကို သတ်မှတ်နေရာ၌ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ကလောမြို့၊ အေးသာယာမြို့ ရပ်စောက်မြို့၊ ညောင်ရွှေမြို့၊ မိုးဗြဲမြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့ နှင့် ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်များအတွင်းရှိ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများကို သတ်မှတ် နေရာ အသီးသီး၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နှင့် အပျောက်မြို့များ အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများကို သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ ရော ဝတီတိုင်းဒေသကြီး ညောင်တုန်း မြို့၊ ပန်းတနော်မြို့ ဖျာပုံမြို့၊ လပွတ္တာမြို့နှင့် ဓနုဖြူမြို့များ အတွင်းရှိ သံဃာတော်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများကို သတ် မှတ်နေရာအသီးသီး၌ လည်း ကောင်း၊ စစ်ကိုင်းတိုင်းသေကြီး ချောင်းဦးမြို့ အတွင်းရှိ သံဃာ တော်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ ရေကြီးဝါကြီး ဆရာ တော်ကြီးများအား သတ်မှတ် နေရာအသီးသီး၌ လည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ မှတပ်မတော်သားပါရဂူများ၊ဆရာ ဝန်များနှင့် သူနာပြုများပါဝင် သောဆေးအဖွဲ့များက CDM တွင် ပါဝင်ခြင်းမရှိဘဲ ပြည်သူလူထု ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်များ ဆောင်ရွက်ပေးနေ သည့် ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်း များနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးပြီး coMD-I9 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်များ ဆောင်ရွက် ပေးကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးပြီး သံဃာတော်များအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်