နေပြည်တော် မတ် ၂၄
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီ ကုသရေးဆေးရုံများတွင် ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင် ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၉၂၅၀၄ ဦး၊ အတွင်းလူနာ ၄၁၈၅ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာ များကို ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ် သောလူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေး ခြင်းများ ဆောင်ရွက်ပေးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအတွက် တပ်မတော် ဆေးရုံ များနှင့် ယာယီ ကုသရေးဆေးရုံများတွင် ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင် ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၉၂၅၀၄ ဦး၊ အတွင်းလူနာ ၄၁၈၅ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာ များကို ခွဲစိတ်ပေးခြင်း၊ ဆေးရုံ တက်ရောက်ကုသရန် လိုအပ် သောလူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေး ခြင်းများ ဆောင်ရွက်ပေးသည့် အပြင် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေး အဆင်ပြေ စေရန် အတွက်ကိုပါ စီမံဆောင်ရွက်ပေး သည်။
ထိုသို့ လာရောက်ကုသမှု ခံယူလျက်ရှိသည့် လူနာများ အနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၄၂၅၄ ဦး၊ အသေး စားခွဲစိတ်ကုသရန် လိုအပ်သူ ၂၂၆၇ ဦး၊ စုစုပေါင်း ၆၅၁ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ် ဖွယ်ရာရှိသည့် လူနာများ ကိုလည်း ( ပါရဂူများ၊ ဆေးမှူးများဖြင့် အထူး ကြပ်မတ်ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာ များကိုတပ်မတော်ဆေးရုံအသီးသီး တွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၂၃၁၅ ဦးကို ခွဲစိတ် မွေးဖွားပေးနိုင်ခဲ့ကာ ၃၅၀၂ ဦးကို သာမန် မွေးဖွား ပေးနိုင်ခဲ့ခြင်း ကြောင့် ယနေ့အထိ ကလေးငယ် ၅၈၁၇ ဦးကို အောင်မြင်စွာမွေးဖွား ပေးနိုင် ခဲ့သည်။ ဒေသခံပြည်သူများအားဆေး ကုသပေးနေမှုအခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီးဆေးရုံတက်ရောက် ကုသမှုခံယူ နေသောလူနာများအတွက် စား သောက်ဖွယ်ရာများနှင့် ကျန်းမာ ရေး ဝန်ထမ်းများအတွက် ချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်