နေပြည်တော် မတ် ၂၄ နေပြည်တော် မတ် ၂၄ သီရိလင်္ကာနိုင်ငံတွင် ပညာတော်သင်သွားရောက် ခဲ့ကြသည့် ရဟန်းတော် ၉၁ ပါးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်း ရပ်ကွက် လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) အနီး မင်းဓမ္မကုန်းမြေရှိ သီရိမင်္ဂလာမာသာသနာ့ ဗိမာန်တော်ရှိ COMID-19 ရောဂါသီးသန့်စောင့်ကြည့် Quarantine Center သီးသန့်ထားရှိရာမှ ယနေ့တွင် သတ်မှတ်ရက် ပြည့်မြောက်သဖြင့် သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ကြွရောက်တော်မူကြသည်။ ။ ထိုသို့ကြွရောက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ သာသနာရေးဦးစီးဌာန၊တိုင်းဒေသကြီး သာသနာရေး ဦးစီးမှူး ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများက ဖူးမြော်ကြည်ညိုခဲ့ကြပြီး တပ်မတော်နှင့် တာဝန်ရှိသူ များက စီစဉ်ပေးသည့် မော်တော်ယာဉ် များဖြင့် ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်