နေပြည်တော် မတ် ၂၄ (၇၆)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံဆေးတပ်ရင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိ သော အရာရှိ၊ စစ်သည်၊ သူနာပြုများနှင့် ဆေးရုံတက်လူနာများအတွက် အလှူရှင်များကအလှူငွေပေးအပ်ခြင်းကို ယမန်နေ့က အနောက်တောင် တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်အောင် နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။ ဦးစွာ အလှူရှင်ဖြစ်သည့် ဦးကျော်နေဝင်းက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အလှူငွေက ျပ်သိန်း ၁၂၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားကြောင်း သိရ သည်။ သတင်းစဉ်