Skip to main content

လူ့အခွင့်အရေးကောင်စီ၏ (၄၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အီးယူမှ တင်သွင်းသည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းကို မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမပြုဘဲ ပယ်ချ

နေပြည်တော် မတ် ၂၄ လူ့အခွင့်အရေးကောင်စီ၏ (၄၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ဥရောပသမဂ္ဂ ( ယူ)မှ တင်သွင်းသည့် “မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေ ဆိုင်ရာ ဆုံးဖြတ်ချက်အဆို (Resolution) အပေါ်ဆွေးနွေးခြင်းကို ယနေ့တွင် ဂျီနီဗာမြို့၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ကြိုတင်ရိုက်ကူး ထားသော ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြား သည်။ အဆိုမူကြမ်းတင်သွင်းစဉ် ဒုတိယဝန်ကြီးက အဆိုမူကြမ်းပါ အကြောင်းအရာနှင့် အချက်အလက် လွဲမှားနေသည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့၏ သက်သေ အထောက်အထား ခိုင်လုံမှုမရှိသည့် အစီရင်ခံစာ များအပေါ် ကိုကားချက်များနှင့် တည်ရှိပြီး ပြည်တွင်းတရားစီရင်ရေးယန္တရားများကို သွေဖည် စေပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက်ခြိမ်းခြောက်ရာ ရောက်စေသည့် ဖော်ပြချက်များအပေါ် ထောက်ပြပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် မျှတမှုမရှိဘဲ ဦးတည် အရေးယူသည့် အဆိုမူကြမ်းကို အစဉ်တစိုက် လက်မခံကြောင်း အဆိုပါ ဖိအားပေး မှုများသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ မြေပြင်အခြေအနေကို တိုးတက်စေမည့် အစား ပိုမိုဆိုးရွား သွားစေနိုင်ကြောင်း၊ ယခုအီးယူ၏ အဆိုမူကြမ်းမှာ မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ နေရသည့် စိန်ခေါ်မှု များကို ကျော်လွှားရေးအတွက် အဖြေရှာဖွေရာတွင် အထောက်အကူပြုလိမ့်မည်မဟုတ်ဘဲ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ ကြိုးပမ်း မှုများအပေါ် အဟန့်အတာများ သာ ဖြစ်စေမည်ဖြစ်ကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကျူးကျော်မှုမပြုဘဲ လေးစားသင့်ကြောင်း ထောက်ပြကာ အဆိုမူကြမ်း အား လက်မခံကြောင်းနှင့် ပါဝင် ပတ်သက်ခြင်း မပြုကြောင်းဖြင့် ရပ်တည်ပြောကြားကာ အဆို မူကြမ်းအား ပယ်ချခဲ့ပါသည်။ ဆုံးဖြတ်ချက် အဆို မူကြမ်းကို တရုတ်၊ ဗင်နီဇွဲလားနှင့် ရုရှားနိုင်ငံတို့ ကလည်း အလားတူ သဘောမတူ၊ မထောက်ခံ ကြောင်း (Dissodlate) ပြောကြားသည်။ သတင်းစဉ်