Skip to main content

ကိုရီးယားသမ္မတနိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ၊ချေးငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် စီမံကိန်း ညိှနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် မတ် ၂၄

ကိုရီးယားသမ္မတနိုင်ငံ၏တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိ သည့် စီမံကိန်းများ၏လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် တို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပ သည်။

အစည်းအဝေးတွင် ကိုရီးယားသမ္မတနိုင်ငံ၏ အကူအညီ ချေးငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲ စီမံကိန်းများ၏လက်ရှိဆောင်ရွက်မှု အခြေအနေများ၊ အဆိုပြုထားဆဲ စီမံကိန်းများ၊ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးရန် လိုအပ်ချက်များ ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များက တင်ပြ ဆွေးနွေးကြရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းအောင် ကျော်ကျော် က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ပေါင်းစပ်ညှိနှိုင်းပေးမည့် ကိစ္စရပ်များကို စဉ်ဆက် မပြတ်ညှိနှိုင်းဆောင်ရွက်ပေးနေပါကြောင်း၊ စီမံကိန်း များနှင့် စပ်လျဉ်း၍ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေရသည့်ကိစ္စရပ်များကို သတ်မှတ်ပုံစံဖြင့်  ဖြည့်စွက်၍ အမြန်ဆုံးပေးပို့ရန် လိုအပ်ပါကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဝန်ကြီးဌာန အဖွဲ့ အစည်းများက ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရမည့် ကိစ္စရပ်များအား ဆွေးနွေးမှာကြားသည်။

အဆိုပါ အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း  ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး  ဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အလုပ် သမား၊ လူဝင်မှ ုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ် ရုံးနှင့် နိုင်ငံခြးစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် သည်။

သတင်းစဉ်