Skip to main content

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များအတွက် သံဃာတော်များနှင့် ဒေသခံ ပြည်သူများက စားသောက်ဖွယ်ရာ လှူဒါန်း

နေပြည်တော် မတ် ၂ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်သား များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိသံဃာတော် များ၊ ဒေသခံပြည်သူများ၊ စေတနာရှင် အလှူရှင်များနှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ ပေးအပ်လှူဒါန်းလျက်ရှိသည်။ ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ ဝင်များ အတွက် ထားဝယ်မြို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများက လည်းကောင်း၊ မန္တလေး တိုင်းဒေ သကြီး မန္တလေးမြို့၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအတွက် မန္တလေးမြို့ရှိ သံဃာတော် များနှင့် ဒေသခံ ပြည်သူများက လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး ပြည်မြို့၌ လုံခြုံရေးဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင် များအတွက် စေတနာရှင်၊ အလှူရှင်များက လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်