Skip to main content

အကြမ်းဖက်မှုများ ဆန့်ကျင်ဖယ်ရှား

နိုင်ငံတစ်ဝန်းမြို့ကြီး၊ မြို့ငယ်ဒေသအသီးသီးတို့တွင် ဆူပူမှု၊ ဆန္ဒပြမှုများ ဖြစ်ပေါ်နေခဲ့သည်မှာ ရက်သတ္တ သုံးပတ် ကျော် လွန်ခဲ့ပြီဖြစ်သည်။ ဆူပူမှု၊ ဆန္ဒပြမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်နေရာ အချိန်းအချက်ပြုမှုများ၊ ဆန္ဒပြရ မည့်ပုံစံများ၊ ဦးတည်ချက်များ၊ နည်းဗျူဟာများ၊ ကြွေးကြော် သံများ၊ ပိုစတာဒီဇိုင်းများ စသည် တို့ကို လူမှု ကွန်ရက်ပေါ်တွင် ပလူပျံအောင်တွေ့မြင်နေရသည်။ အချို့က ထိပ်တိုက်ရင်ဆိုင် တွေ့ရေး၊ အကြမ်းဖက်ရေး သွေးထိုး လှုံ့ဆော်ကြသည်။ ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်မှ နှပ်ကြောင်းပေးသည့် အတိုင်း၊ မြှောက်ပင့်ပေးသည့်အတိုင်း လိုက်ပါလုပ်ဆောင်မှု များကိုလည်း တွေ့ရသည်။ ဆူပူဆန္ဒပြမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ထိန်းသိမ်းရန် တာဝန်ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုများ ပေါ်ပေါက်လာသည်။ ဒီမိုကရေစီစနစ်အရ ဥပဒေနှင့်အညီ ဆန္ဒဖော်ထုတ်ခွင့် အခွင့်အရေး နိုင်ငံသားများတွင် ရှိသည်။ အချိန်၊ နေရာ၊ လူဦးရေ စသည်ဖြင့် ခွင့်ပြုချက်တို့ လိုအပ် သည်။မည်သို့ပင်ဆိုစေ အေးချမ်းစွာ၊ စည်းကမ်းသေဝပ်စွာ ဆန္ဒပြမှုများတွင် အထိအခိုက်နည်းသည်။ ထိပ်တိုက် ရင်ဆိုင် ခြင်း၊ အကြမ်းဖက်ဖျက်ဆီးခြင်းများ ပြုလုပ်လာပြီး ဆန္ဒပြ မှုပုံစံမှသည် ဆူပူလှုပ်ရှားမှုသို့ ကူးပြောင်း သွားပြီဆိုပါက အဆင့်ဆင့်သော အဓိကရုဏ်းနှိမ်နင်းမှုပုံစံများအတိုင်း အင်အားဖြင့် ကိုင်တွယ်ရသည့် အခြေအနေသို့ ရောက်ရှိ သွားတတ်သလို ထိခိုက်ရှနာမှုမှသည် အဖိတ်အစဉ်အထိ ဖြစ်ပွားနိုင်သည်။ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများတွင်လည်း ဤနည်းအတိုင်းသာဖြစ်သည်။ ယခုအခါ ဆန္ဒပြမှုများ ရက်ရှည်ကြာလာသည်နှင့်အမျှ အေးချမ်းစွာဆန္ဒပြမှုထက် ထိပ်တိုက်ရင်ဆိုင်ကြရန် လှုံ့ဆော် မှုများကို ပိုမိုမြင်တွေ့လာရသည်။ တစ်ဖက်တွင် လည်း သဘောထားအယူအဆမတူကွဲလွဲသူများ၊ မိမိ ဘာသာ အေးချမ်းစွာနေလိုသူများ၊ CDM လှုပ်ရှားမှုတွင် မပါဝင်လိုသူများကို အုပ်စုဖွဲ့ အနိုင်အထက်ပြုကျင့်ခြင်း၊ နှောင့်ယှက် ထိပါးခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းတို့ ကိုပါ ပြုလုပ်လာကြသည်။ ဒီမိုကရေစီစနစ်အရသူတစ်ပါး ၏လွတ်လပ်မှုကို ထိပါးခြင်း၊ လွတ်လပ်စွာ ပြောဆိုနေထိုင် လုပ်ကိုင်မှုတို့ကို နှောင့်ယှက်ခြင်းတို့ မရှိစေရ။ တရား ဥပဒေကို လေးစားလိုက်နာရန်၊ သူတစ်ပါး၏လွတ်လပ်ခွင့် တို့ကို လေးစားအသိအမှတ်ပြုရန်လိုသည်။ ဥပဒေမဲ့ ပြုကျင့်ခြင်းက ဒီမိုကရေစီကို ဖျက်ဆီးခြင်းပင် ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ထားပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ဆောင်ရွက်မှု များပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)နှင့် အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရ သည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အတိအလင်းဖော်ပြထားသည်။ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက် မှုများ ချောမောအောင်မြင်ရန်မှာ အဖျက်အမှောင့်များ၊ မင်းမဲ့ စရိုက်ဆန်ဆန် လှုပ်ရှားမှုများ၊ ဆူပူအကြမ်းဖက် မှုများ ချုပ်ငြိမ်းကာ တရားဥပဒေစိုးမိုးမှသာဖြစ်နိုင်မည်ဖြစ်သည်။ မိမိတို့နေထိုင်ရာရပ်ရွာဒေသများအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဒေသနေပြည်သူများ အနေဖြင့် အဖျက်အမှောင့်ဆောင်ရွက်မှုများ၊ ဆူပူလှုံ့ဆော်မှု များ၊ အကြမ်းဖက်နှောင့်ယှက်မှုများကို ဆန့်ကျင် ဖယ်ရှား ကြရမည်ဟု ရှုမြင်ပါကြောင်း။ ။