နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၄/၂၀၂၁)ကို မတ်လ ၁ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆူပူဆန္ဒပြမှုဖြစ်စဉ်များအားလုံးကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များဖြင့် အင်အားအနည်းဆုံးနှင့် အသက်သာဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ အခြား နိုင်ငံများ၏ ကိုင်တွယ်ဖြေရှင်းမှုထက်သက်သာစွာဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံတော်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူခဲ့သည်မှာ တစ်လပြည့်ပြီဖြစ်သည်။ နိုင်ငံတော်ကို စတင် တာဝန်ယူသည့် ပထမရက်သတ္တပတ် အတွင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုအချို့ ရှိခဲ့သော်လည်း နိုင်ငံတော် မှာ တည်ငြိမ် အေးချမ်းမှုရှိခဲ့သည်။ သို့သော် ဒုတိယပတ်မှစတင်၍ ဆူပူဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပြီး ယခုအခါ မင်းမဲ့စရိုက်ဆန်သောလုပ်ရပ်များ၊ အကြမ်းဖက်တိုက်ခိုက် ဆူပူမှုများ ဖြစ်ပေါ်လာခဲ့သည်။ ဖြစ်စဉ်များ အားလုံးကို အင်အားအနည်းဆုံးနှင့် ထိခိုက်မှုအသက်သာဆုံးဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေ သည်ကို တွေ့ရသည်။ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နေသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆန္ဒပြမှုဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ရာ၌ အခြားနိုင်ငံများ၏ ကိုင်တွယ်ဖြေရှင်းမှုဖြစ်စဉ်များထက် သက်ညှာစွာဆောင်ရွက်လျက်ရှိသည်ကို မဝေးလှသောကာလများအတွင်း ဒီမို ကရေစီ ထွန်းကား ပါသည်ဆိုသော နိုင်ငံများ၏ဖြစ်စဉ်များကို လေ့လာကြည့်နိုင်သည်။ ထိုနိုင်ငံများ၌ ဖြစ်ပေါ် ခဲ့သော ဆန္ဒပြမှုများတွင် ဒီမိုကရေစီနည်းလမ်းတကျဆိုသော်လည်း လုံခြုံရေး တပ်ဖွဲ့များက နိုင်ငံတည်ငြိမ် အေးချမ်း မှု အမြန်ရောက်ရှိရေးအတွက် အင်အားသုံး ဖြိုခွင်းခဲ့သည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ထိုဖြစ်စဉ်များ အပေါ် ကမ္ဘာ့အဖွဲ့အစည်း များနှင့် အင်အားကြီးနိုင်ငံကြီးက ပြည်သူများအား အင်အားသုံးအနိုင်ကျင့် ဖိနှိပ်နေ ကြောင်း ပြောသံဆိုသံမကြားရပေ။
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသောအခြေအနေများအား ဒီမိုကရေစီ နည်းလမ်းတကျ သက်သာစွာ ဆောင်ရွက် မှုများကိုမူ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဖိနှိပ်နေသည်ဟု ပြည်တွင်း၊ ပြည်ပမှ မလိုသူများက စွပ်စွဲပြော ဆိုမှုများ ဆက်တိုက်ပြုလုပ်နေကြသည်။ ဒီမိုကရေစီကိုစံထားပါသည်ဆိုသော အဖွဲ့အစည်း များနှင့် အနောက် နိုင်ငံကြီးတစ်နိုင်ငံက တည်ဆဲအစိုးရကို ဖိအားအမျိုးမျိုး၊ အကျပ် ကိုင်မှုအမျိုးမျိုး၊ ခြိမ်းခြောက်မှုအမျိုးမျိုး နေ့စဉ်ပြု လုပ်နေသည်ကို တွေ့ရသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟုဆိုသည့် တရားမဝင် အဖွဲ့ အစည်း က ဥပဒေနှင့်မညီသည့်လုပ်ဆောင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။
တိုင်းပြည်မတည်မငြိမ်ဖြစ်နေသောကာလတွင် တိုင်းပြည်ပျက်စီးစေနိုင်မည့် မီးလောင်ရာလေပင့်လုပ်ရပ် လုပ်ကိုင် လာကြသည်။ ဆူပူဆန္ဒပြမှုဖြစ်စဉ်များ ကြီးထွားလာအောင် နောက်ကွယ်မှလူနှင့်ငွေကြေးထောက်ပံ့မှုများ ပြုလုပ် နေသည်။ ရိုးသားစွာ၊ တိုင်းပြည်အပေါ်သစ္စာရှိစွာ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအား CDM လှုပ်ရှား မှုများတွင် ပါဝင်လာအောင် ပြည်တွင်းမှ ဦးဆောင်သူများနှင့် ပြည်ပမှအကြံပေးသူများကတစိုက်မတ်မတ် လှုံ့ဆော် နေသည်။ ပြည်တွင်း၊ ပြည်ပမှ ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေလိုသူများက လူမှုကွန်ရက်များကို အသုံးပြု၍ မဟုတ်မမှန်သတင်းများနှင့် အကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ်လာအောင် တွန်းအား ပေး လုပ်ဆောင်နေကြသည်။ ထို့ကြောင့် တိုင်းပြည်အခြေအနေ အမြန်ပြန်လည် တည်ငြိမ်အေးချမ်းစေရန်အတွက် တားဆီး ကာကွယ် ထိန်းသိမ်း ရေးနှင့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရသည်။ ။
ယခုဖြစ်စဉ်များသည် ကိုဗစ်ကာလ အကျပ်အတည်းထိန်းချုပ်မှု၊ ရွေးကောက်ပွဲ မဲမသမာမှုအပေါ် အရေး ယူဆောင်ရွက်မှုတို့ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပြီး အဓိကမှာ နိုင်ငံရေးအရောင်အသွေးဖုံးလွှမ်းမှုကြောင့် ဖြစ်ပေါ် လာသည်ဟု ဆိုနိုင် သည်။ ဒီမိုကရေစီစနစ်တွင် မတူကွဲပြားသောသဘောထားများ၊ အုပ်စုကွဲများ ရှိကြ မည်ဖြစ်ပြီး နိုင်ငံရေးအရ ကွဲပြားခြားနားနိုင်ကြသော်လည်း တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းလမ်းကြောင်းကို ရှောင်ရှားကြရမည် ဖြစ်သည်။ တိုင်းပြည်ပျက်စီးရာ လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် ဒီမိုကရေစီ ပန်းတိုင် သို့ ရောက်ရှိနိုင်မည် မဟုတ်ဘဲ မင်းမဲ့တိုင်းပြည်အဖြစ်သို့ရောက်ရှိနိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။ ပါတီ အရောင်အသွေး လွှမ်းမိုးသောကြောင့် ယခုကဲ့သို့ အဖြစ်မျိုးဖြစ်ပွားလာရခြင်း ဖြစ်သည်ကိုလည်း ရှုမြင်ကြရမည် ဖြစ်သည်။ - သို့ဖြစ်ရာ တိုင်းပြည်မတည်မငြိမ်ဖြစ်နေမှုများကို အမြန်ဆုံးတည်ငြိမ်အေးချမ်း အောင်အကောင်းဆုံး ဖြေရှင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။ အရေးပေါ်ကာလအတွင်း တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နေ ရခြင်းဖြစ်၍ မတည်မငြိမ်ဖြစ်မှုများကို အသက်သာဆုံးဖြေရှင်းဆောင်ရွက်ရင်း တိုင်းပြည်ဖွံ့ဖြိုးရေး၊ ပြည်သူများ လူမှုစီးပွား အဆင်ပြေရေးတို့ကို စေတနာရှေ့ထား အလေးထားဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီနိုင်ငံ များသည်ဥပဒေ၊ စည်းကမ်းကို အလေးထားပြီး မြန်မာနိုင်ငံအနေဖြင့် လည်း ဒီမိုကရေစီကို ဦးတည်သောကြောင့် စည်းကမ်း၊ ဥပဒေနှင့်အညီ အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါကြောင်း။ ။