နေပြည်တော် မတ် ၂
Digital Audio Broadcasting (DAB) ထုတ်လွှင့်မှု နည်းပညာဆိုင်ရာ Virtual Meeting ကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)မှ အင်ဂျင်နီယာချုပ် ဒေါ်ဇင်ဝါကြူဦးစီးပြီး ဝန်ထမ်း ၁၀ ဦး တက်ရောက်ကြသည်။
အစည်းအဝေးတွင် DAB ဆိုင်ရာများကို Australia နိုင်ငံအခြေစိုက် S-Comm Technologies Pty.Ltd မှ Managing Director Dr.Les Sabel က ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန် ဆွေးနွေးခြင်းကို ဆက်လက်ဆောင်ရွက်ကြပါသည်။
DAB ဆိုင်ရာ နည်းပညာရပ်များ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများနှင့် ဆွေးနွေးနိုင်ရေး အတွက် World DAB မှ Asia Pacific Technical Group (APAC TG) ကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး APAC TG ၏ ရည်ရွယ်ချက်မှာ ဒေသ တွင်း၌ DAB နည်းပညာဆိုင်ရာများကို အဖွဲ့ဝင်များ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားနိုင်ရန် နှင့် နိုင်ငံ တစ်ခုချင်းစီ၏ အတွေ့အကြုံများကို မျှဝေနိုင်ရန် ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများကို တစ်နှစ်လျှင် နှစ်ကြိမ် မှ လေးကြိမ်အထိ ပြုလုပ်လေ့ရှိပြီး တက်ရောက်သူဦးရေ ကန့်သတ် ထားခြင်းမရှိကြောင်း သိရသည်။
(MRTV)