ဦးရဲမြင့် ဥက္ကဋ္ဌ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ
တောင်သူလယ်သမားနေ့ကို အဓိက ကတော့ တောင်သူတွေ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့၊ လယ်ယာကဏ္ဍမှာ ( ဘက်စုံဖွံ့ဖြိုးဖို့၊ နည်းပညာတွေကို တောင်သူတွေရယူရန် ဖြစ်ပါတယ်။ ဒါကြောင့် တောင်သူလယ်သမားနေ့ကို
နှစ်စဉ်မပျက် ကျင်းပပေးနေတာ ဖြစ်တယ်။ တောင်သူကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့က တောင်သူလယ်သမား တွေကို အသိပညာပေးကဏ္ဍအနေနဲ့ ဖြစ်အောင် ဒီပြပွဲလေးကို လုပ်တာ ဖြစ်တယ်။ တောင်သူလယ်သမားနေ့မှာ ဒီကဏ္ဍလေးကိုသိအောင်လို့ စိုက်ပျိုးရေး နည်းပညာတွေလည်း ဖွံ့ဖြိုးတိုးတက် လာအောင် အခုဆိုရင် လယ်တင် မဟုတ် တော့ဘူး။ ကျွန်တော်တို့ ဧရာဝတီတိုင်း ဒေသကြီးမှာ ထူးထူးခြားခြား ဆီထွက် သီးနှံတို့၊ စက်မှုကုန်ကြမ်းသီးနှံတို့ စိုက်လို့ရပြီဆိုတဲ့အကြောင်း ပြချင်တာပါ။ ဒီမြေတွေမှာ စိုက်ခဲ့ဖူးတဲ့ အစဉ်အလာ မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ အခုစိုက်ပြ တယ်။ စိုက်ပျိုးရေးက စိုက်လို့ရတယ် ဆိုတဲ့အကြောင်းပြတာ၊ ဒီမြေမှာလည်း စိုက်လို့ရပါလားဆိုတာသိအောင်၊ အဲဒါ ကြောင့် မြေကိုပြုပြင်ပြီး ဘယ်လို စိုက်မလဲ။ စက်မှုကုန်ကြမ်းသီးနှံလည်း စိုက်မယ်၊ ဆီထွက်သီးနှံလည်း စိုက်မယ်။ စိုက်လို့ရသမျှ အကုန်စိုက်မယ်။ စိတ်ဝင်စားတဲ့သူတွေဆိုရင် စိုက်ပျိုး ရေးနဲ့ချိတ်ဆက်ပြီး ဒီနည်းပညာတွေကို ယူလို့ရတယ်။ စိုက်ပျိုးရေးကလည်း ဖြန့်ဝေပေးနေတယ်။ အခုလက်တွေ့ မျက်မြင် စိုက်ပြထားတာ၊ ဒီမြေကြီးက စပါးပဲ စိုက်ပျိုးလို့ရတယ်ဆိုတဲ့ လူတွေကို စိုက်ပြပေးထားတာ၊ အဓိကကတော့ နည်းပညာဖြစ်တယ်။
နွေရာသီမှာ မြေကြီးကိုအလကား ပစ်ထားမယ့်အစား ဆီထွက်သီးနှံစိုက်မယ်။ စက်မှုကုန်ကြမ်း သီးနှံစိုက်မယ်ဆိုရင် အဆင်ပြေသွားတာပေါ့။ ဧရာဝတီတိုင်း ဒေသကြီးက စပါးပဲထွက်တယ်ဖြစ်နေ တယ်။ ဒါကြောင့် စပါးပဲမဟုတ်ဘူး၊ စပါး မစိုက်တဲ့အချိန်မှာ ဆီထွက်သီးနှံစိုက်လို့ ရတယ်ဆိုတဲ့အကြောင်း၊ ဗဟုသုတတိုးပွား ပြီး လက်တွေ့စိုက်ပျိုးလာစေချင်တဲ့ ဆန္ဒ ဖြစ်အောင်လို့ တောင်သူလယ်သမားနေ့ အခမ်းအနားပြုလုပ်ပြီး တောင်သူတွေကို မျက်ဝါးထင်ထင် တင်ပြတာပါ။ ဦးသန်းဆွေဝင်း ၊ အတွင်းရေးမှူး၊ တောင်သူလယ်သမားနေ့ ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ
ဧရာဝတီတိုင်းဒေသကြီး အနေနဲ့ တောင်သူလယ်သမားနေ့ နေ့ထူးနေ့မြတ် ကို အနှစ်သာရရှိရှိ တောင်သူအကျိုးပြု ပညာပေးစံပြစိုက်ကွက်တွေ တောင်သူ တွေ သိရှိနားလည်ပြီး တိုးချဲ့ စိုက်ပျိုးနိုင်ဖို့ ရည်ရွယ်ပြသရခြင်းဖြစ်ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီး မိုးစပါးဧက ၃၇ သိန်းကျော် ၊ နွေစပါးဧက ၁၄ သိန်းခန့် စိုက်ပျိုးလျက်ရှိပါတယ်။ တောင်သူ လယ်သမားတွေ သားစဉ်မြေးဆက် အဆက်ဆက် ဘဝအာမခံချက်ရရှိရေး အတွက် ဆန်၊ ပဲ၊ နှမ်း၊ ငရုတ်၊ ကြက်သွန် အပါအဝင် စားပင်သီးနှံအမျိုးပေါင်း ၁ဝဝ ကျော် အောင်မြင်ဖြစ်ထွန်းမှုနဲ့ စိုက်နည်း စနစ်တွေကို လမ်းညွှန်ပြသပေးသွားမှာ ဖြစ်ပါတယ်။ အခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် တွေနဲ့အညီ လိုက်နှာလျက် တစ်မြို့နယ် လျှင် တောင်သူ ၃၀ ခန့်နဲ့ တောင်သူ ၇၈ဝ ကို စရိတ်ငြိမ်းသယ်ပို့ခြင်းနဲ့ အစားအသောက် စီစဉ်ပေးခြင်းကို တိုင်းဒေသကြီးကောင်စီက စီစဉ်ပေးပြီး စိုက်ပျိုးရေးနည်းပညာတွေကို လက်တွေ့ ပြသကာ နည်းပညာမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အိမ်ခြံပြန်ရောက် တာနဲ့ စားပင်သီးနှံတွေကို စနှစ်တကျ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုး ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း တင်ပြ လိုပါတယ်။
ဦးစိန်မောင်မြင့် တိုင်းဒေသကြီးဦးစီးမှူး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန
ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသ ကြီးဟာလယ်ယာကဏ္ဍကို အခြေခံသော တိုင်းဒေသကြီးဖြစ်ပြီး တောင်သူ လယ်သမားအများစုနေထိုင်တဲ့ နိုင်ငံတော်ရဲ့ စပါးကျီလည်း ဖြစ်ပါတယ်။ မိုးစပါး၊ နွေစပါးနဲ့ ပဲမျိုးစုံသီးနှံကို အများဆုံးစိုက်ပျိုးထုတ်လုပ်ပြီး ဆီထွက် သီးနှံနဲ့ အစေ့ထုတ်ပြောင်းသီးနှံ အပါအဝင် သီးနှံအမည်စုံ စိုက်ပျိုး ထုတ်လုပ်လျက်ရှိတဲ့ တိုင်းဒေသကြီးလည်း ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအခန်းကဏ္ဍမှာ ပါဝင်နေတဲ့ အတွက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်မှုနဲ့ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းတွေက တောင်သူ နည်းပညာပေးလုပ်ငန်းတွေကို အားသွန် ခွန်စိုက် ဆောင်ရွက်လျက်ရှိပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အနေနဲ့ လိုအပ်လျက်ရှိသော မျိုးသန့်စပါးတွေ ရရှိရေးအတွက် မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက် နေသလို မျိုးစေ့သန့်စင်စက်တွေ၊ မျိုးစေ့ အခြောက်လှန်း စက်ကိရိယာတွေ တပ်ဆင် ဆောင်ရွက်လျက်ရှိပါတယ်။
မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထုံးထည့်သွင်းခြင်း၊ သစ်စိမ်း မြေဩဇာ (ပိုက်ဆံလွှဲ) ထည့်သွင်းခြင်း တွေကိုလည်း ဆောင်ရွက်နိုင်သလို သစ်စိမ်းမြေဩဇာ(ပိုက်ဆံလွှဲ) မျိုးစေ့ ထုတ်လုပ်ခြင်းကို အခုနှစ်ဆောင်းရာသီ တွင် ၁၅၂၇ ဧကကို စိုက်ပျိုးဆောင်ရွက် ထားရှိပြီး ဖြစ်ပါတယ်။ တောင်သူ လယ်သမားနေ့ ပြကွက်အနေနဲ့ ဟင်းသီး ဟင်းရွက်မျိုးစုံ တစ်ဧက၊ အစေ့ထုတ် ပြောင်း တစ်ဧက၊ ပဲမျိုးစုံ တစ်ဧက၊ ဆီထွက်သီးနှံ တစ်ဧက၊ ငရုတ်နဲ့ အခြား တစ်ဧက၊ စပါး တစ်ဧကတို့ကို ဆောင်ရွက် ထားရှိပြီး တိုင်းဒေသကြီးတစ်ခုလုံးရဲ့ ကိုယ်စားပြု စိုက်ပျိုးထားတဲ့ စိုက်ခင်း တွေကို တစ်နေရာတည်းမှာ လေ့လာ နိုင်ဖို့ ရည်ရွယ်ဆောင်ရွက်ထားပါတယ်။
ဦးဝင်းမြင့် ညွှန်ကြားရေးမှူး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန
ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာ နိုင်ငံရဲ့ စပါးကျီကြီးဖြစ်တာနဲ့အညီ ရေတော် မိုးတော်လယ်မြေတွေသာမက စပါးစိုက်ပျိုး၍ရနိုင်တဲ့ သဲဆန်ကုန်းကြော မြေတွေနဲ့ ရေကြီးကွင်း၊ ရေနက်ကွင်း ဒေသတွေကိုပါ ဖော်ထုတ်စိုက်ပျိုးလျက် ရှိပါတယ်။ ၂၀၂၀-၂၀၂၁ စိုက်ပျိုးရာသီမှာ တိုင်းဒေသကြီးအတွင်း မိုးစပါး ၃၇၅၇၅၇၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နွေစပါး ကိုလည်း ၁၃၆၂၆၄၆ ဧက စိုက်ပျိုးပြီး ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေ သားစဉ် မြေးဆက် ဘဝအာမခံချက်ရရှိရေးအတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း လုပ်ငန်းတွေကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ တောင်သူ လယ်သမားတွေ ပုံမှန်လုပ်ကိုင် ဆောင်ရွက်လျက်ရှိတဲ့ လယ်ယာမြေဧက ၃၉၉၂၉ဝ၈ ဧကကို တောင်သူ ၇၁၆၂၃ ဦး သို့လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင် တွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ လုပ်ငန်းနု တွေမှ အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းခဲ့ပြီးပြန်လည်စွန့်လွှတ်ခဲ့သည့် ၄၉၃၉၂ ဧကကို တောင်သူ ၆၁၈၃ ဦးသို့ လည်းကောင်း၊ သစ်တောကြိုးဝိုင်းမြေ အဖြစ်မှပယ်ဖျက်ပေးခဲ့တဲ့ သစ်တော ပယ်ဖျက်ဧရိယာဧက ၂၂၄ဝ ကို တောင်သူ ၁၆၆၄၆ ဦးသို့လည်းကောင်း၊ စားကျက် မြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့တဲ့ ၁၀၃၉ ဧကကို တောင်သူ ၅၇ဦးသို့လည်းကောင်း လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)တွေထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။
တိုင်းဒေသကြီးအတွင်း ၂၆ မြို့နယ်မှာ စုစုပေါင်း စိုက်ပျိုးဧရိယာ ၄၂၅၅၅၇၉ ဧက ကို တောင်သူ ၇၃၉၀၀၉ ဦးတို့အား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)တွေ ထုတ်ပေးနိုင်ခဲ့ပြီး ဆက်လက် ၍လည်း ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ နှင့်အညီ လယ်ယာလုပ်ပိုင်ခွင့် မှတ်ပုံတင် ခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင်ရွက်လျက် ရှိပါတယ်။
ဦးကြည်စိန်
တောင်သူ၊ ဝါးဒူးကျေးရွာ
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီး ထောင့်မြို့နယ်၌ မတ်လ ၂ ရက်နေ့တွင် ကျရောက်မယ့် တောင်သူလယ်သမား နေ့ကို စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ပြကွက်တွေ ဆောင်ရွက်လျက်ရှိပါတယ်။
တောင်သူကို အသိပညာပေးလုပ်ငန်းတွေ၊ ဒေသနဲ့ ကိုက်ညီမှုရှိတဲ့ ငရုတ်၊ ဟင်းသီး ဟင်းရွက်စိုက်ပျိုးခြင်း၊ ထူးခြားစွာပါဝင် လာတဲ့ ပြောင်းစိုက်ခင်း၊ ပဲမျိုးစုံ စိုက်ခင်း၊ ဆီထွက်သီးနှံ စိုက်ခင်းတွေကို တောင်သူ တွေအနေနဲ့ သေချာလေ့လာပါက နည်းပညာအသိတွေ ရရှိလိမ့်မယ်လို့ ထင်ပါတယ်။
ကျွန်တော့်အနေနဲ့ အရင်နှစ်က ကျင်းပခဲ့တဲ့ တောင်သူလယ်သမားနေ့မှာ သီးနှံစုံစိုက်ပျိုးခင်းတွေကို ကောင်းစွာ လေ့လာပြီးဖြစ်သည့်အတွက် ကျွန်တော် အတွက် စိုက်ပျိုးရေးမှာ များစွာအကျိုးရှိခဲ့ ပါတယ်။ ယင်းအပြင် အခုနှစ် ငရုတ်၊ ပြောင်း၊ ဟင်းသီးဟင်းရွက်၊ ဆီထွက်သီးနှံ နဲ့ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နည်းတွေကို လေ့လာအတုယူပြီး နည်းပညာတွေရရှိတဲ့ အတွက် တောင်သူတွေ အကျိုးရှိသည့် စိုက်နည်းစနစ်တွေကို လေ့လာကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ ရရှိတဲ့အချိန်လေးမှာ တောင်သူတွေ လက်လှမ်းမီသလောက် နည်းပညာတွေကို လေ့လာရယူကြပါလို့ တိုက်တွန်းလိုပါတယ်။
တွေ့ဆုံမေးမြန်းသူနှင့် ဓာတ်ပုံ
ကိုတွတ်၊ မောင်မောင်မြင့်၊ ဇင်နွယ်လှိုင်(ပြန်/ဆက်)