Skip to main content

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကုလားကြီးစုကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ NLD ပါတီထောက်ခံသူအချို့ ဦးဆောင်သည့်အဖွဲ့က ဝင်ရောက်၍ တာဝန်ဝတ္တရားများအား နှောင့်ယှက်

နေပြည်တော် ဖေဖော်ဝါရီ ၂၅ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ် ကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးစီးပွားနှင့် အုပ်ချုပ်ရေးလုပ်ငန်းများအား ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်၊ကျေးရွာများအလိုက် အုပ်ချုပ်ရေးမှူးအသစ်များအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန် ပေးလျက်ရှိရာ အချို့ ရပ်ကွက်၊ ကျေးရွာများ၌ နိုင်ငံတော်၏အုပ်ချုပ်ရေး ယန္တရားထိခိုက်စေရန် ရည်ရွယ်ချက်များဖြင့် လုပ်ငန်း တာဝန်ထမ်းဆောင်မှုများကို ပျက်ပြားစေရန် ဆူပူ ဆန္ဒပြခြင်း၊ နှောင့်ယှက်ခြင်း၊ ကန့်ကွက်ရန်စခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။ ခြိမ်းခြောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် ည ၇ နာရီခွဲခန့် တွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်ကုလားကြီးစု ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ NLD ပါတီ မြို့နယ်စည်းရုံးရေးမှူး ဒေါ်နန်းသန္တာဝင်း ဦးဆောင် သည့် ကျေးရွာနေလူအုပ်စုတစ်စုက ကျေးရွာအုပ်ချုပ် ရေးမှူးဖြစ်သူ ဦးကျော်စိုးပိုင်(ဘ) ဦးမောင်မောင်ညွန့် အား အလိုမရှိကြောင်း ကြွေးကြော် သံများဖြင့် အကြောင်းမဲ့ အော်ဟစ်ဆူပူခြင်း၊ ရန်စနှောင့်ယှက်ခြင်း၊ ပါရှိလာသည့် တုတ်၊ ဓား၊ လေးခွများဖြင့် ခြိမ်းခြောက်ခြင်းစသည့်တရားဥပဒေစိုးမိုးရေးပျက်ပြား စေသည်အထိ ဆောင်ရွက်လာမှုအပေါ် အုပ်ချုပ်ရေး မှူးရုံးအတွင်း ရောက်ရှိနေသည့် တည်ငြိမ်အေးချမ်းမှု ကိုလိုလားသည့် ရပ်ကွက်နေပြည်သူ ဦးသန်းလွင်အပါအဝင် ရွာသား ၁၂ ဦးတို့က မခံရပ်နိုင်ဘဲ အပြန် အလှန် စကားများရန်ဖြစ်ကြရာ တုတ်၊ ဓား၊ လေးခွများဖြင့် ခိုက်ရန်ဖြစ်ပွား နေကြောင်းနှင့် ဦးသန်းလွင်ပါ ၁၂ ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်း၌ပင် အကြမ်းဖက် လူအုပ်စုက အဓမ္မဖမ်းဆီးထားကြောင်း သတင်းရရှိသဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖျန်ဖြေခဲ့ရ သည်။ ဖြစ်စဉ်တွင် အကြမ်းဖက်ဆူပူဆန္ဒပြသူများ ကြောင့် ရုန်းရင်းဆန်ခတ်မှုအတွင်း ရပ်ရွာတည်ငြိမ် အေးချမ်းမှုကိုလိုလားသည့် ဦးလှိုင်မင်းအောင်(ဘ) ဦးခင်သိန်းတွင် ဦးခေါင်းချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဘယ်လက်ဖျံနာကျင်ဒဏ်ရာနှင့် ဦးဇော်ထက်(ဘ) ဦးမြင့်အောင်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရှိရသည်။ ။ အဆိုပါ လှိုင်သာယာမြို့နယ်တွင် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ ထုတ်ပြန်ထား သည့်မြို့နယ်တစ်ခုဖြစ်ပြီး ယင်းမြို့နယ်အတွင်း လူငါးဦး သို့မဟုတ် ငါးဦးအထက်ပိုသောသူများ စုဝေးခြင်း မပြုရန်နှင့် လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများ မပြုလုပ်ရန် တားမြစ် ထားသည့်နေရာဖြစ်သဖြင့် ဆူပူအုံကြွသူများအားဥပဒေအရ အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်ရွာ အေးချမ်း သာယာရေးအတွက် နေ့ညမပြတ်လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။၏ သတင်းစဉ်