Skip to main content

မြန်မာနိုင်ငံသားများတင်ဆောင်၍ ခေါ်ဆောင်လာသော တပ်မတော်စစ်ရေယာဉ်များ မြန်မာ့ ရေပြင်နယ်နိမိတ်အတွင်း ရောက်ရှိခုတ်မောင်းလျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်ချက်အရ မလေးရှားနိုင်ငံရောက် မြန်မာ နိုင်ငံသား ၁၀၈၆ ဦးအား ပြန်လည်ခေါ်ဆောင်လာသော စစ်ရေယာဉ်များသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် မြန်မာ့ရေပြင်နယ်နိမိတ်အတွင်း ရောက်ရှိခဲ့သည်။ မြန်မာ့ရေပြင်အတွင်း ဝင်ရောက် ချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နွေးထွေး ပျူငှာစွာ ကြိုဆိုနိုင်ရေးအတွက် စေလွှတ် ပေးလိုက်သော တပ်မတော်စစ်ရေယာဉ်များက ပင်လယ်ပြင် တွင် လာရောက်ကြို ဆိုနှုတ်ဆက် ခဲ့ကြသည်။ နေပြည်တော် ဖေဖော်ဝါရီ ၂၅ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်ချက်အရ မလေးရှားနိုင်ငံရောက် မြန်မာ နိုင်ငံသား ၁၀၈၆ ဦးအား ပြန်လည်ခေါ်ဆောင်လာသော စစ်ရေယာဉ်များသည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် မြန်မာ့ရေပြင်နယ်နိမိတ်အတွင်း ရောက်ရှိခဲ့သည်။ မြန်မာ့ရေပြင်အတွင်း ဝင်ရောက် ချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နွေးထွေး ပျူငှာစွာ ကြိုဆိုနိုင်ရေးအတွက် စေလွှတ် ပေးလိုက်သော တပ်မတော်စစ်ရေယာဉ်များက ပင်လယ်ပြင် တွင် လာရောက်ကြို ဆိုနှုတ်ဆက် ခဲ့ကြသည်။ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြရ စစ်ရေယာဉ်များပေါ်တွင် ခေါ်ဆောင်လာသော မြန်မာ နိုင်ငံသားများသည် မလေးရှားနိုင်ငံ၌ အချိန် ကြာမြင့်စွာ နေထိုင်ခဲ့ကြရသဖြင့် မြန်မာ့ရေပြင် အတွင်း ပြန်လည်ဝင်ရောက်ချိန်၌ စစ်ရေယာဉ်များ၏ကုန်းပတ်အသီးသီးပေါ် တက်ရောက် ကြပြီး မြန်မာ့ ရေပြင်၊ မြန်မာ့ရှုခင်းများအား ကြည့်ရှုခံစားရင်းလိုက်ပါလာခဲ့ကြသည်။ ထို့ပြင် တနင်္သာရီရေတပ် စခန်းဌာနချုပ်နယ်မြေအတွင်းရှိ ဇာဒက်ကြီးကျွန်း ရေတပ်အခြေစိုက်စခန်းမှ စစ်သည်၊ ရဲမေများက ချက်ပြုတ်ပေးသော မြန်မာအစားအစာ မုန့်ဟင်းခါး များအား တပ်မတော်စစ်ရေယာဉ်ဖြင့် ပင်လယ်ပြင်သို့ လာရောက်ပို့ဆောင်ပေးခဲ့ရာ နံနက်စာအဖြစ် စားသုံး ခဲ့ကြသည်။ အနီးကပ်ဆောင်ရွက်ပေးလျက်ရှိ စစ်ရေယာဉ်များပေါ်တွင် တာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများကလည်း မိမိနိုင်ငံသားများ၏ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများအား အနီးကပ်ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိချိန်တွင် နေရပ်ပြန်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်