Skip to main content

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထိုင်းနိုင်ငံသို့ သွားရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၄ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)၏ ဖိတ်ကြားချက်အရ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ထိုင်းနိုင်ငံသို့ ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် သွားရောက် ခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန် လည်ရောက်ရှိသည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း) နှင့် ထိုင်းဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွန်းဝီနိုင်းတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု နှင့် နှစ်နိုင်ငံဆက်ရေး ပိုမို တိုးတက် ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင် ရွက်မှုများ အရှိန်အဟုန်မပျက် ဆက်လက် အကောင် အထည်ဖေါ်သွားရေး၊ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ထိုင်းနိုင်ငံရောက် မြန်မာ ရွေ့ပြောင်း အလုပ်သမားများ ၏ အခွင့်အရေးပိုမိုရရှိရေးနှင့် တရားဝင် လုပ်ကိုင်နိုင်ရေးကိစ္စ ရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အာဆီယံ မိသားစု စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ရေး စိတ်ဓာတ်တို့ကိုအခြေခံ လျက် အာဆီယံ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်အောက်မှ ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ထိုင်းဝန်ကြီးချုပ်နှင့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေး ဝန်ကြီးတို့အား မြန်မာ နိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီမှ ရှေ့ဆက် ဆောင်ရွက် သွားမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးဦးတည်ချက် များနှင့် နိုင်ငံခြားရေးမူဝါဒများကို ရှင်းလင်း ပြောကြား ခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စစ် ရတ်နို မာဆူဒီ အား ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ တွေ့ဆုံ၍ မြန်မာနိုင်ငံ နှင့် အာဆီယံအကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပြင် အာဆီယံ မိသားစု စိတ်ဓာတ် နှင့် စည်းလုံးညီညွတ်ရေး စိတ်ဓာတ် တို့ကို အခြေခံလျက် အာဆီယံပူးပေါင်း ဆောင်ရွက်မှု မူဘောင်အောက်မှ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် ကိစ္စရပ် များကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့သည်။ (သတင်းစဉ်)