မုံရွာ၊ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့သည် ယနေ့ နေ့လယ်(၃)နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် သော စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစား ကုန်(၄) မျိုး ထောက်ပံ့ ပေးအပ်ပွဲ အခမ်အနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က စစ်ကိုင်း တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင်  မိမိတို့၏ရုံးလုပ်ငန်းများကို Road Map လမ်းစဥ်(၅)ချက်နဲ့အညီ စေတနာ အလေးထား၍ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ဝန်ထမ်းတစ်ဦးလျှင် အခြေခံစားကုန်(၄)မျိုးဖြစ်သည့် ဆန်(၄)ပြည်၊ ဆီ(၅၀)သား၊ ကြက်သွန်(၃)ပိဿာနှင့် ဘဲဥ(၁၀) လုံးစီဖြင့်ဝန်ထမ်း (၃၀၀)ဦးအတွက် စုစုပေါင်း ဆန်(၁၁၆၈)ပြည်၊ ဆီ(၁၄၆)ပိသာ၊ ကြက်သွန် (၉၀၀)ပိဿာ၊ ဘဲဥ(၃၀၀၀)လုံးတို့ကို ထောက်ပံပေးအပ်ခဲ့ပြီး ဝန်ထမ်းများကိုယ်စား တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 
တိုင်းဒေသကြီး (ပြန်/ဆက်)
      နောက်ဆုံးရသတင်းများ
 
 31 Oct, 2025
             
             
        
 31 Oct, 2025
             
             
        
 31 Oct, 2025
             
             
       
 
  
 