နေပြည်တော် ဖေဖော်ဝါရီ ၁၇
ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက် သာရေးစီမံချက် (CovID-19 Economic Relief Plan - CERP) အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးမှုများနှင့်စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်မှ ၂၀၂၀ ပြည့်နှစ် ပြီ ၂၇ ရက်က ထုတ်ပြန် ခဲ့သော CERP စီမံချက်အရ လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆက်လက် အကောင်အထည်ဖော် ဆောင်သွားရန် ဖြစ်ကြောင်း၊ CE RP တွင် ပန်းတိုင် (၇) ရပ်၊ မဟာဗျူဟာ (၁၀) ခု၊ လုပ်ငန်းစဉ် (၃၆) ခုနှင့် လုပ်ဆောင်ချက် (၇၈) တို့ရှိသည့် အနက် ကဏ္ဍအလိုက်ဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်း များကို စောင့်ကြည့် အကဲဖြတ်ရေးအဖွဲ့ဖြင့် သုံးသပ်ဖော်ထုတ် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပြီး လုပ်ငန်းများနှင့်စပ်လျဉ်း၍ မျှော်မှန်းသော ရည်မှန်းချက်သို့ ရောက်ရှိခြင်း ရှိ/မရှိ သုံးသပ်၍ လိုအပ်ပါက တိုးချဲ့ ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ရန်ပုံငွေများ သုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက် ရမည်ဖြစ်ပြီး စာရင်း စစ်ဆေးခံနိုင်ရန် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါကူးစက်မှု လျော့နည်းကျဆင်းလာသည်နှင့်အမျှ ဆက်လက် ဆောင်ရွက် ရန် မလိုအပ် တော့သည့် လုပ်ငန်းများကို ရပ်ဆိုင်း ခြင်း၊ ဆောင်ရွက် ဆဲလုပ်ငန်းများ အနက် အလျင်အမြန် ဆောင်ရွက်သင့် သည့် လုပ်ငန်းများကို မြန်မြန် ထက်ထက် ဆောင်ရွက်ခြင်း ထပ်မံ ထည့်သွင်း သင့်သည့် လုပ်ငန်း များကို ထပ်မံထည့်သွင်းခြင်းတို့ဖြင့် CERP ကို အခြေခံသော လက်ရှိအခြေအနေနှင့် ကိုက်ညီမည့် အစီအမံများ ချမှတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး များနှင့် ဌာနအကြီးအကဲများက ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက် -ဆောင်ရွက် မည့် အစီအမံများအပေါ် ရှင်းလင်းတင်ပြ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက သုံးသပ် ဆွေးနွေးသည်။
အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်စဉ်