နေပြည်တော် ဖေဖော်ဝါရီ ၁၆
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပ သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအများအပြားရှိပြီး ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် တိုက်ပွဲရှောင်များအား ကူညီထောက်ပံ့မှု လုပ်ငန်းမျာလည်း ပါဝင်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အနေဖြင့်လည်း ယင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အလေးထားလျက်ရှိပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေးနှင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ အနေဖြင့် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိသော အမှီခိုကင်းသည့် ဘဝများ ပြန်လည်တည်ဆောက်၍ ပုံမှန်လူနေမှု ဘဝများသို့ ပြန်လည် ရောက်ရှိစေမည့် အခြေအနေများကို ဖန်တီးပေးနိုင်ရန် မိမိတို့ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း၊ တိုင်ပင် ဆွေးနွေးမှုများမှတဆင့် ဖြေရှင်းရန် အခက်အခဲများအား ကျော်လွှားရမည်ဖြစ် သောကြောင့် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြည် တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ နှင့် စပ်လျဉ်းသည့် နောက်ခံအကြောင်း အရာများ နှင့်ရေးဆွဲမှု လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့မှု၊ အမျိုးသားအဆင့်ကော် မတီနှင့် ပြည်နယ်အလိုက် ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက် ထားရှိမှု အဆင့်ဆင့်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မဟာဗျုဟာနှင့်အညီ လုပ်ငန်များ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေမှု၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ ဆက် လက်ဆောင်ရွက်ရန် လုပ်ငန်းများကို ညှိနှိုင်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)