Skip to main content

ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၅ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင် စန်း၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကော်မတီ(၅)ရပ် ဖွဲ့စည်းပေးထားပါ ကြောင်း၊ ယင်းတို့အနက် မိမိတို့ပညာ ရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအနေဖြင့် ဆောင်ရွက်ရန် ရှိသည့် လုပ်ငန်းတာဝန်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကော်မတီ၏မူဝါဒများ၊ လုပ်ငန်း စဉ်များနှင့် ရည်ရွယ်ချက်များကို ပြောင်းလဲမည် မဟုတ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် လုပ်ငန်း တာဝန်များကို စုပေါင်းဦးဆောင်မှုဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ကော်မတီတွဲဖက် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကော်မတီ က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များဖြစ်သည့် ပြည်ပသို့ ပညာတော်သင်စေလွှတ်ခြင်း ကိစ္စ၊ ပြည်တွင်း/ပြည်ပတွင် ကျင်းပသည့် အစည်းအဝေးများနှင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် စေလွှတ်ခြင်း ကိစ္စ၊ ပြည်ပနိုင်ငံများသို့ အလုပ် သမားစေလွှတ်ခြင်းကိစ္စ အပါအဝင် နိုင်ငံခြားငွေသုံးစွဲရသည့် အစည်း အဝေးများ ကျင်းပခြင်းကိစ္စတို့နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ဆောင်ရွက်ပေး ရသည့်လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် ပညာရေး၊ ကျန်းမာ ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌကကော်မတီ၏လုပ်ငန်း -စဉ်များနှင့် စပ်လျဉ်း၍ သိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်