Skip to main content

ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး

လွိုင်ကော် ဖေဖော်ဝါရီ ၁၅ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦး(ခ)ဘူးရယ်က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ဌာနများတွင် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ( ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန် ဖြစ် ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီ အတွင်းရေးမှူး ဦးအံ့မော်က နိုင်ငံတော် စီမံခန့်ခွဲရေးကောင်စီက ထုတ်ပြန်ထားရှိသည့် ဥပဒေပြင်ဆင်ချက်များ၊ ညွှန်ကြားချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ ဌာနအလိုက် ဆောင်ရွက်သည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)